သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, December 26, 2013

PostHeaderIcon အချစ်ကို အမုန်းဆွဲနေတဲ့ အမွဲဆုံး လူတယောက်

 အချစ်ကို အမုန်းဆွဲနေတဲ့ အမွဲဆုံး လူတယောက်
***********************
ကျည်ဆန်တတောင့် ချေပြီး
သွေးထဲ လောင်းထည့်နေတယ်
ရှင်ဟာ ရှင့်အတွေ့အကြုံတွေနဲ့
ကျွန်မသွေးထဲ ရှင့်ဒဏ်ရာတွေ စိတ်တိုင်းကျ လောင်းထည့်
လူတယောက် အငွေ့တလူလူ ထွက်နေတာ
ပစ်ထားတဲ့ သေနတ်တလက်လို လဲနေတာ
ဒီတခါပဲ ကျွန်မမြင်ဘူး
ရှင့်ဗိုက်က
လ္ဘက်ရည်ဆိုင်ဝက နံပြားဖိုကြီးပဲ
ရှင့်ခေါင်းက
မီးစွဲလောင်နေတဲ့ ဥက္ကာပျံတစင်း
ရှင့်ခြေထောက်တွေက
ခုမှ ပန်းပဲဖိုထဲက ထလာတဲ့ သံချောင်းတွေ
မျက်လုံးတွေက
ကမ်းခြေအတိုင်း စောင့်နေတဲ့ ကျောက်စိုင်တွေလို အေးစက်
လက်တွေက
ကမ္ဘာကြီးတခုလုံး ပိုက်ပွေ့တော့မလို
အမှောင်မှာ ကျီးကန်းတကောင်ရဲ့ ဂနာမငြိမ်မှုမျိုးနဲ့
ကျွန်မအသားတစ်တွေကို ဆွဲထုတ်ဖို့ အလင်းကိုဖြဲဝင်သူ
ရှင့်ရမ္မက်တွေက
ချက်အရက် သောက်ထားတဲ့ အရက်သမားလို
မသာအိမ် ဖဲရှုံးလို့
တအိမ်လုံး အဆုံးစီရင်တော့မယ့်
အနုကြမ်းသမားတယောက်လို
ရှင့်သေချာမှုကို အပ်တပေါက်စာ
ဘယ်မှာ ကျွန်မ မြင်ဘူးခဲ့လို့လည်း
ကျွန်မကို တွေ့ချင်တယ်
‘‘ဖြစ်မလား’’
‘‘ရှင် ကျွန်မကို မချစ်ပါဘူး’’
မချစ်ပါဘူး ရှင်ကျွန်မကိုလို့ ပြောတဲ့အခါ
ကျွန်မနှလုံးသားကို ရှင့်ဆေးလိပ်မီးတွေနဲ့ လှမ်းထိုးတတ်
လိုနေတဲ့ လူတယောက်
ရှင့်အတွက်
ဘယ်လို နတ်သက်ကြွေပေးရမှာလဲ
နှလုံးသားဟောက်ပက်နဲ့
လိုနေတဲ့ လူတယောက်။

 (ခရမ်းပြာ ထက်လူ) 
ရယ်စရာ မဂ္ဂဇင်း

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...