သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, December 23, 2013

PostHeaderIcon “ စကားကြီး ၃ ခွန်း ”



 “ စကားကြီး ၃ ခွန်း ”
••••••••••••••••
♠ မြစ်ကြီးလည်း မခမ်းပါစေနဲ့။
♠ သစ်ပင် ကြီးလည်း မလဲပါစေနဲ့။
♠ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။

♦ မြစ်ကြီး မခမ်းပါစေနဲ့ဆိုတာ….
အေးမြတဲ့ စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင် စီးဆင်းနေတဲ့..
မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ။
လူလူချင်း မေတ္တာထားကြ ၊မေတ္တာတရားတွေ ပွားများကြမေတ္တာတွေ
မခမ်းကြစေနဲ့ ဆိုတဲ့ အဓိပ္ပါယ်ပဲ။

♦ သစ်ပင်ကြီးလည်းမလဲပါစေနဲ့ …တဲ့..။
သစ်ပင်ကြီးဟာ အခက်အလက် အရွက်တွေ ဝေဝေဆာဆာနဲ့ အရိပ်
အာဝါသကိုပေးတယ်..။
ထို့အတူပဲ..ဘုရားတရားသံဃာ ရတနာ သုံးပါးရဲ့ အရိပ် အာဝါသကောင်းကို
ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်..။ ဒီအရိပ် အာဝါသတွေကို
အမိအရ ခိုလှုံဖို့ လိုသလို..အရိပ် အာဝါသတွေကို မဖျက်ဆီးမိဖို့
ကျေးဇူး မကန်းမိဖို့ သတိထားရလိမ့်မယ်။
သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ။
ဒါကြောင့် သစ်ပင်ကြီး မလဲအောင် ကြိုးစား ထိမ်းသိမ်းကြ..။

♦ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာကတော့
ရိုးရာဓလေ့ ထုံးစံတွေကို ပြောတာပါ..။ မိဘဘိုးဘွား လက်ထက်ကတည်းက
လိုက်နာ ကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်လာ ကောင်းတွေ။
မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး
သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။
(ရွှေဥမင်ဆရာတော် ဘုရားကြီး )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...