သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, December 22, 2013

PostHeaderIcon ဦးအောင်သင်း ၏ စကားလက်ဆောင်



 ဆရာ ဦးအောင်သင်း ၏ စကားလက်ဆောင်
**************************
အရင်တပတ်က စကားလက်ဆောင်ကို အကျဉ်းချုပ်လိုက်ရင် မင်းမှာ ရည်မှန်းချက် ပြတ်ပြတ်
သားသား ရှိသလား။ ဘဝသတ္တိရှိသလား ဆိုတဲ့ မေးခွန်းတွေပါပဲ။ မင်းကိုယ်မင်း ဘဝသတ္တိရှိ
သလားလို့ မေးလိုက်တာပါပဲ။ အဲဒီမေးခွန်းတွေကို မင်းကိုယ်မင်း သတ္တိရှိရှိ ရင်ဆိုင်ပြီး မှန်မှန်
ကန်ကန် ဖြေဝံ့သလား။ ဘဝအဓိဋ္ဌာန်၊ ဘဝရည်မှန်းချက် ခိုင်ခိုင်မာမာ မရှိသေးဘူးဆိုရင်
ဝန်ခံလိုက်ပါ။

အဲဒီ ဘဝရည်မှန်းချက် မရှိသေးရင် ခိုင်မာတဲ့ ရည်မှန်းချက် ရှိအောင် မင်းကြိုးစားရ

လိမ့်မယ်။ ခိုင်မာတဲ့ ရည်မှန်းချက် မရှိရင်တော့ မင်းဘဝ မြင့်မားဖို့ မလွယ်တော့ဘူး
ဆိုတာ ယုံကြည်လိုက်ပါ။ မင်းဟာ ဘယ်တော့မှ မကြီးပွားနိုင်တဲ့ လူတယောက်ပဲလို့
မင်းကိုယ်မင်း စွပ်စွဲ ရှုံ့ချလိုက်ပါ။
သတ္တိရှိရှိ ရှုံ့ချပါ။ ငါဟာ ဘယ်တော့မှ ကြီးပွားအောင်မြင်တဲ့ လူတယောက် မဖြစ်နိုင်
တော့ဘူးလို့ ရက်ရက်စက်စက် ရှုံ့ချလိုက်ပါ။ ဒီထက်ပြောရရင် မင်းရဲ့စိတ်အင်အား သတ္တိ
အလွန်နည်းပါးမှုကို တံတွေး ထွေးလိုက်ပါ။

ဆက်ပြီး ပြောလိုက်ချင်တာက မင်းဟာ ပန်းရံသမား တယောက်ဖြစ်နေလို့ ပန်းရံကိုင်

နေရတယ် ဆိုပါတော့။ ပန်းရံ ကျွမ်းကျင်သူ ဆရာကြီးတယောက် ဖြစ်ချင်စိတ် ရှိရဲ့
လား။ စက်ပြင်လုပ်ငန်း လုပ်နေတယ်ဆိုပါစို့။ မင်းရဲ့ဆရာ၊ မင်းတို့ရဲ့ခေါင်းဆောင် စက်ပြင်
ဌာနမှူးကြီးရဲ့ ပညာကို အားကျမိသလား။
ဆိုလိုတာက မင်းရဲ့ခေါင်းဆောင်ကို အားကျမိသလား။ သူ့လိုဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့
စိတ်မျိုး မင်းမှာ ရှိသလား။ ဒါမှမဟုတ် မင်းလုပ်နေရတဲ့ လုပ်ငန်းအပြင် အခြားတခုခုမှာ စိတ်ဝင်စား
သလား။ စိတ်ဝင်စားတယ်ဆိုရင်လည်း တကယ် စိတ်ဝင်စားသလား။

အဲဒီဘက်မှာ အောင်မြင် ထွန်းပေါက်အောင် ကြိုးစားချင်၊အားထုတ်ချင်တဲ့ စိတ်မျိုး
မင်းမှာ နေ့ရောညပါ စိတ်ကူးနေမိသလား။ စိတ်ကူးနေရုံသာမက အဲဒီပညာရပ်ကို
အမှတ်မထင် စိတ်ကူး လေ့လာနေမိတတ်သလား။
ဥပမာ-မင်းလက်ရှိ အလုပ်အားနေတဲ့ အချိန်မျိုးမှာပေါ့။ အဲဒါကို မိမိကိုယ်ကို မိမိ
သေချာ စဉ်းစားကြည့်ပါ။

ဒါမှမဟုတ် ဘဝအတွက် အကျိုးမရှိတဲ့ ကွန်ပြူတာဂိမ်း၊ Chatting စတာမျိုးတွေမှာ မင်းက

သိပ်ပြီး ပျော်မွေ့နေသလား။ မင်းကိုယ်မင်း ရက်ရက်စက်စက် မေးမြန်းစစ်ဆေးဖို့ မင့်မှာ
သတ္တိရှိရဲ့လား။ အဲဒီ သတ္တိတောင်မှ မရှိရင်တော့ သတ္တိကောင်းတဲ့ သူတွေရဲ့ထားရာနေ၊
စေရာသွားတဲ့ ဘဝနဲ့ပဲ မင်းကျေနပ်ပါတော့။ ဒါပါပဲ။
ဖိုးဖိုးပြောတာ ရင့်သီးတယ်ထင်ရင် သည်းခံပါ။
ဆက်ကြသေးတာပေါ့။

(ဖိုးဖိုး ဦးအောင်သင်း)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...