သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, December 26, 2013

PostHeaderIcon မနေ့ညက ရှင့်မိန်းမ ကျွန်မယောက်ျားကို ယူနမ်းသွားတယ်

 မနေ့ညက ရှင့်မိန်းမ ကျွန်မယောက်ျားကို ယူနမ်းသွားတယ်
************************
 ကမ္ဘာ့စီးပွားပျက် ကပ်ကြီးဆိုက်လာလို့တဲ့
သေလိုက်တာ ရေဒီယိုတွေ သိုက်တူးနေတဲ့အတိုင်း
သတင်းတွေ ကျပ်ခဲ ငှက်တွေတောင်ပျံလို့ မရဘူး။
စည်းမရှိကမ်းမရှိ စားနေလိုက်တာ
လူတွေက လူသေကို အလစ်ချောင်းနေသော အလောင်းချစ်သူများ
ဝဲပျံလျှက် ဝဲထန်နေတဲ့ မြစ်ကြောင်းတလျှောက်
စန္ဒယားကို ဘယ်ပြန်ညာပြန် တီးလျှက်
သက်တော့သက်သာ သူ့ကြိုးတွေက တဆင့်
စီးကရက် မီးညှိလိုက်ကာ ရေထဲပစ်ချလိုက်တော့
ရေနံကြောကြီး မီးထလောင်သလို တတိုင်းပြည်လုံးကူးစက်
ကူးစက်မှုကို ကက်ဆက်နဲ့ ဖမ်းပြီး
လမ်းဘေးခိုးကူးခွေထဲထိုးထည့်ဖွင့်လိုက်တာ
ကမ္ဘာ ထ တိုက်ပါလေရော။

ဆီးကြို/ချိုခေတ်ကြီး-ဖာအိမ်က ဖာသည်ကို ဆီးကြိုသလို
ဘယ်သူလာလာ ချိုနေတာပဲ။
ဟဲ့ အရိုင်းအစိုင်း… တသက်လုံး ဒီအမှောင်ထဲပဲ ထိုင်နေတော့မလား
တခုခုလုပ်လေ
ဖယောင်းတိုင်း မီးခွက် ဓါး လှံ လေးမြား တစ်ခုခုရှာပါတော့လား
ဒီအတိုင်း အမှောင်ထဲ ထိုင်နေတော့မလား။
မောင်နုရော မယ်နုရော ငါပြောမယ်
သူ့အကြွေးရှိရင် ပေးလိုက် ငါလက်မပါချင်ဘူးနော်
အမေရိကန် စစ္စတန် သိတယ်မို့လား။
ဒီကိစ္စ ဘယ်လိုရှင်းမှာလည်း သူ့ကို လက်ခံထားတဲ့ မင်း
အခုအိမ်ပေါ်က မဆင်းတော့ဘူးတဲ့
ရွာလုံးကျွတ် မီးတွေရှို့လို့ ငါတို့ အမျိုးတွေကို
တယောက်ပြီးတယောက် လုပ်ကြံသတ်ဖြတ်လို့။
မင်းဘယ်လို ရှင်းမလဲ၊
ရှင်းနေတာကို ရှုပ်အောင်လုပ်တဲ့နေရာမှာ မင်းအတော်ဆုံးလို့
တောင်ဝင်ရိုးစွန်းက လှမ်းပြောတယ်၊
မြောက်ဝင်ရိုးစွန်းကတော့ ဒါတွေ ရိုးနေပါပြီတဲ့၊
သိလား အဲ့ဒီကောင်မက ငါတို့ကို ကိုယ်စားပြုမတဲ့
ပြောပြီး ရွှေငါးလေးလို ကော့ပဲ့ကော့ပဲ့နဲ့
ပြိုင်ကားလေးပေါ် တက်သွားလိုက်တာ
အစားမတော် တလုပ် အသွားမတော်တော့ တလှမ်းတဲ့
သတိထားဟေ့…
ငါတို့ကတော့ ဘယ်သူလာလာ ရှိတာအကုန် ချကြွေး
ငါတို့ရဲ့မျိုးရိုးဗီဇသွေးကြီးကို အစိမ်းဖေါက်ဖေါက်ပြီး တိုက်ကြွေးနေရတာ။
မရတော့ဘူး ခွေးတကောင်ကို မင်းနာမည်ကပ်ပြီး ငါအပြင်း ကန်ထည့်လိုက်ပြီ၊
ကဗျာရေးတာ လူမြင်တယ် လူမမြင်အောင် လူပါးဝရင်ဝ
မဝရင် ရပ်ကွက်လူကြီး ဘုရားလူကြီး ဟိုလျက် ဒီလျက် ဒီရက် ဟိုရက်
ရက်စ် ရက်စ် Yes နေလိုက် အလိုက်သင့်
ရွှေရင်အေးရော ငွေသဘင်ကြီး ဟီးလို့ ပွရော။
အရင်ကတော့ ရှင်မရှိရင် မရသလိုလို
ဂျာနယ်တွေ ကောက်လှန်လိုက်တော့မှ
ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်
တောင်ကိုးရီးယားသမ္မတ အပျိုကြီးမ ဘယ်သူ ပတ်ကွမ်ဟေး လား
ဒီမှာလည်း အိမ်အပြင် ထွက်ကြည့်လိုက်ဦး
ဘယ်သူ့နာမည်ပဲ အော်နေသလဲဆိုတာ၊
အိမ်အပြန် စောသူများအသင်းဟာ ရှင်တို့ပဲ မဟုတ်လား။
ယောက်ျားဖြစ်ပြီး ဂိုးသွင်းများလည်း ညံ့ပ။
အရက်ကလေး တမြမြ ကျင်းကလေး တစိမ်စိမ်
လာမပြောနဲ့ ဘာမှ စိတ်မဝင်စားဘူး၊
ဟဲ့အကောင် ခရိုနီ
နင့်အမှုတွေ ငါစိတ်မဝင်စားဘူး၊
နင်ဘယ်လောက်ချမ်းသာသာ
မသာတလှည့် သာတလှည့်တွေချည်း ဟဲ့ character အပျက်တွေရဲ့
နင့်ကို ငါ တခွန်းပဲ ပြောမယ်
နင့်မိန်းမ မနေ့ညက ငါ့ယောက်ျားကို အတင်းယူနမ်းသွားတယ်။  အဲ့ဒါ ဘာလုပ်ပေးမှာလဲ။

(ခရမ်းပြာထက်လူ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...