သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, December 23, 2013

PostHeaderIcon ခေါင်းဆောင်တို့ ကျင့်စဉ်(၂)


ခေါင်းဆောင်တို့ ကျင့်စဉ်(၂)
*******************
နောက်တခု အမှာကံ ဗုဒ္ဓေါ သန္တိဝါဒေါ။ ခန္တီဝါဒကို မကိုင်နိုင်ရင် သန္တိဝါဒကို ချမှတ်လို့ မရ

ဘူး။ မခံနိုင်ဘူးဟေ့လို့ ဆိုရင် သန္တိဟာ မဖြစ်နိုင်တော့ဘူး။ နောက်လာမည့် ဝါဒက ဘာလဲ
ဆိုတော့ သန္တိဝါဒ။ ဘာများပါလဲ? သန္တိဝါဒပါဘုရား။ နောက်လာမည့်ဝါဒက သန္တိဝါဒ။
တို့ဘုရားရဲ့ဝါဒက သန္တိဝါဒ။ ကုလားလို ပြောရရင် သျှန္တီဝါဒ။ ငြိမ်းချမ်းတဲ့ ဝါဒ။
ခန္တီရှိတော့မှ သန္တိ။ အဲဒီမှ ခန္တီရဲ့နောက်မှာ မေတ္တာ ပါလာမယ်။

မေတ္တာကို တဆက်တည်းပြောရရင် ရေနဲ့တူအောင် ကျင့်။ ရေ- မြန်မာနိုင်ငံမှာ ရေပေါင်း

များစွာမှာ Brand name-တွေ တရာကျော်လောက် ရှိမယ်ထင်တယ်။ ဘယ်နာမည်နဲ့ ထုတ်တဲ့
ဘာရေပဲ ဖြစ်ဖြစ် သတ္တိက နှစ်မျိုးထဲပဲ- သန့်ရှင်းတာနဲ့ အေးချမ်းတာ။
ဘယ်နှမျိုးလဲ? နှစ်မျိုးပါဘုရား။

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း စသည် နာမည်ပဲ ကွဲတယ်။ သောက်လိုက်ရင် အေးတယ်၊

ချိုးလိုက်ရင် သန့်ရှင်းတယ်။ တရုတ်၊ ကုလား၊ အမေရိကန် ဘယ်တိုင်းပြည်က ထွက်တဲ့ ရေပဲ
ဖြစ်ဖြစ် ဘာရလဲ? သန့်ရှင်းတာနဲ့ အေးချမ်းတာ နှစ်မျိုးပဲ ရတယ်။ ကုလားရေကို တရုတ်
သောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ တရုတ်ရေကို ကုလားသောက်လည်း ဒီနှစ်
မျိုးပဲ အကျိုး ထွက်တယ်။
မေတ္တာဆိုတာ ရေနဲ့တူတယ်။ လူသားတိုင်းကို တညီတည်း အေးချမ်းစေချင်တယ်။
လူသားတိုင်းကို တညီတည်း နှလုံးစိတ်ဝမ်း အေးချမ်းစေချင်တယ်။ ဘဝသန့်ရှင်းစေချင်
တယ်။ အဲဒါ ခန္တီနဲ့ မေတ္တာ၊ မေတ္တာနဲ့ ခန္တီ၊ အဲဒါ ဘယ်သူ့ ဝါဒလဲ? ဗုဒ္ဓရဲ့ဝါဒပါဘုရား။

အဲဒီနှစ်ခု လက်ကိုင်ထားမှ နောက်က ဘာရလဲ? သန္တိဆိုတဲ့ Peace ငြိမ်းချမ်းခြင်းကို

ရနိုင်တယ်။ ဆိုတော့.. ဘုရားကို အကြောင်းပြုပြီး ဓားတဝင်းဝင်း လှံတဝင်းဝင်း
မလုပ်ကြနဲ့။ တို့ဘုရားဟာ ခန္တီဝါဒ, သန္တိဝါဒ။ သန္တိဝါဒဘုရားကို အကြောင်းပြုပြီးတော့
ဓားတွေ တဝင်းဝင်း၊ လှံတွေ တဝင်းဝင်း မပြကြနဲ့ဟေ့။ ဓားတွေ လှံတွေ ချလိုက်ကြ။

ဒီတော့ ရှစ်ပြည်ထောင် မင်းတွေ အကုန်လုံးက ကြည့်ကြတယ်၊ အသံဝါကြီးနဲ့ အော်နေတာ

ဘယ်သူများလဲ? ဒါ တို့ဆရာကြီး၊ ဆရာကြီးပြောတဲ့ စကားတော့ တို့နားထောင်မှပဲ။ အားလုံး
ဓားလှံတွေ ချပြီးတော့ ဓာတ်တော် ဝေပွဲဟာ အေးအေး ချမ်းချမ်း ပြီးသွားတယ်။

အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓတက္ကသိုလ်ကြီး ဖွင့်ပွဲကို ကြွရောက်လာကြတဲ့ အသင်းဖွဲ့ ပရိသတ်

အားလုံးတို့ အငြိမ်းစားပါမောက္ခချုပ်ဟောင်း ဦးဒေါဏပြောတဲ့ ခန္တီတရား၊ သန္တိတရား
လက်ကိုင်ထားပြီးတော့ ဒီကနေ့ ဒီအစည်းအဝေး၊ ဒီအခမ်းအနားက စပြီးတော့ မည်သည့်
လုပ်ငန်းကို ဆောင်ရွက်စေကာမူ ဗုဒ္ဓရဲ့ ဒီဝါဒနှစ်ပါး လက်ကိုင်ထား။

ခန္တီနဲ့ မေတ္တာလက်ကိုင်ထား၊ သန္တိဖြစ်အောင် ဆောင်ရွက်ကြပါလို့ ဘုန်းကြီးက ဒုတိယအနေနဲ့
အားလုံးကို တိုက်တွန်းပါတယ်။


နောက်တတိယ ပြောချင်တဲ့အချက်က လာကြတဲ့ ပရိသတ်တွေ လူမှုရေး ဆောင်ရွက်တဲ့
အသင်းအဖွဲ့တွေ၊ ဘာသာရေးဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ နိုင်ငံရေးဆောင်ရွက်တဲ့
အသင်းအဖွဲ့တွေ ဆိုင်းဘုတ်ကတော့ အမျိုးမျိုးပဲ။ ဘာသာရေး အသင်းအဖွဲ့လည်း နာမည်
မျိုးစုံပဲ၊ လူမှုရေး အဖွဲ့လည်း နာမည်မျိုးစုံပဲ၊ နိုင်ငံရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊ အဲဒါ
ဆိုင်းဘုတ်တွေပဲ။ အဲဒီဆိုင်းဘုတ်တွေကို ခွာပြီးတော့ အရှိကို အရှိအတိုင်း ကြည့်နိုင်ဖို့
တော့ တော်တော် အရေးကြီးတယ်။

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် ဗမာပြည်မှာ အလွန်အရေးပါတဲ့ မြစ်ကြီးတွေ။
ဧရာဝတီရယ်၊ ချင်းတွင်းရယ်၊ စစ်တောင်းရယ်၊ သံလွင်ရယ်၊ ကုလားတန်ရယ် နာမည်တွေ
အများကြီးပဲ။ အဲဒီ different name-တွေဟာ ဘယ်အပေါ်မှာပဲ ရှိတာလဲ? Only in the
land, မြေကြီးပေါ်မှာပဲ။ သူတို့ရဲ့ ဦးတည်ချက်က ဘယ်မှာလဲ?

They are flowing successfully, continuously, their destination is only ocean။
သူတို့ရဲ့ destination-က တခုတည်းပဲ။ မြစ်တွေ နာမည်သာ ကွဲတာ၊ ပန်းတိုင်က တခု
တည်းပဲ။ အဲဒါကို ကောင်းကောင်းကြီး မြင်ဖို့လိုတယ်။ အဲဒါ clear vision-လို့ ခေါ်တယ်။
ပါဠိလိုပြောရင် သမ္မာဒဿန-လို့ ခေါ်တယ်။
အဲဒီ clear vision-မဖြစ်သေးသမျှ ဧရာဝတီက ကြည်တယ်ကွ၊ချင်းတွင်းက နောက်တယ်
ကွဆိုရင် အဲဒီမှာ conflict-ဖြစ်တာပဲ။ နာမည်ကိုဖောက်ပြီး ရေကိုရောက်အောင် ကြည့်ပါ။
ဟုတ်ပြီလား? တင်ပါဘုရား။

နာမည်ကို ဖောက်ပြီး ရေကို ရောက်အောင် ကြည့်လိုက်ရင် ရေက ဘာဖြစ်လဲ? သတ္တိ
နှစ်မျိုးပဲ ရှိတယ်။ ဘာနဲ့ ဘာလဲ? သန့်ရှင်းခြင်းနဲ့ ကြည်လင်ခြင်းပါဘုရား။ ဧရာဝတီလည်း
ဒါပဲ၊ ချင်းတွင်းလည်း ဒါပဲ။ သံလွင်ကော၊ စစ်တောင်းကော? ဒါပဲ။ နာမည်ကို ငြင်းခုံနေရင်
ဖြင့် ပင်လယ်ကို တော်တော်နဲ့ ရောက်ကြမှာ မဟုတ်ပါဘူး။

မြစ်ရေတွေဟာ ပင်လယ်ထဲ စီးသွားကြတယ်၊ ပင်လယ်ထဲရောက်တော့ ဟေ့ ဧရာဝတီကရေ
ချင်းတွင်းထဲ လာမပေါင်းနဲ့ ဆိုပြီးတော့ ဟိုမှာ ရသေးလား? မရပါဘူး ဘုရား။ စစ်တောင်းက
ရေလည်း ဧရာဝတီရေနား မကပ်နဲ့၊ တခြားစီနေကြ, နေလို့ ဖြစ်သေးလား? မဖြစ်ပါဘူး
ဘုရား။ အဲဒါ တကယ့် United-ပဲ၊ တကယ့် Unity-ပဲ၊ တကယ့် Harmony-ပဲ။
ဘယ်ထဲမှာ သွားပေါင်းလဲ?

ငန်သော အရသာ၊ ပြာသော အဆင်းဆိုတဲ့ ပင်လယ်ကြီးမှာ မြစ်အားလုံးတို့က ရေတွေ
ပေါင်းသလိုပဲ။ သန္တိဆိုတဲ့ ဗုဒ္ဓရဲ့ စကားအရ ပြောရင် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်မှာ အားလုံး ပေါင်းဖို့
ရန်အတွက် ကုန်းမြေပေါ်မှာ နေနေခိုက် နာမည်လေးတွေကို ကြည့်ကြည့်ပြီးတော့ ငြင်းခုံ
မနေကြပါနဲ့။
 
အခုဒီမှာ အားလုံး ထိုင်နေကြတယ်၊ ဒါဘာလဲ? ဗုဒ္ဓတက္ကသိုလ် Convocation hall,
နာမည်က ဒီအတိုင်းပေးထားတယ်။ အကယ်၍ ဒီအဆောက်အဦးကြီးထဲမှာ ဘုရင်ကြီးနဲ့
မိဖုရားကြီး လာနေတယ် ဆိုလို့ရှိရင် ဗုဒ္ဓတက္ကသိုလ် Convocation hall-မဟုတ်တော့ဘူး၊
Palace-ဖြစ်သွားမယ်။ အကယ်၍ ငါးပိတွေ ငါးခြောက်တွေ လာတင်ရောင်းတော့
ဘာဖြစ်သွားမလဲ? Bazaar, Market- ဈေးကြီး ဖြစ်သွားမယ်။ အကယ်၍ အရက်တွေ,
ဘာတွေ လာရောင်းကြမယ်၊ ခေါက်ဆွဲတွေ,ဘာတွေ လာကြော် ရောင်းကြမယ်ဆိုတော့
ဒီအဆောက်အဦးကြီးက ဘာဖြစ်သွားမလဲ? Bar and restaurant ဖြစ်သွားမယ်။
ဘာလဲ? နာမည်တွေ ပြောင်းတာ။

တကယ့် Structure-က ဘာလဲ? သံချောင်းရယ်၊ အုတ်ရယ်၊ အင်္ဂတေရယ် ဒါပဲ။ နန်းတော်
ကြီးလည်း ဒါနဲ့ပဲ ဆောက်တယ်၊ အိမ်သာလည်း ဒါနဲ့ပဲ ဆောက်တယ်၊ ဘုရားကျောင်းလည်း
ဒါနဲ့ပဲ ဆောက်တယ်။ အထဲက သံချောင်းနဲ့၊ အုတ်နဲ့၊ အင်္ဂတေနဲ့ အဲဒါကို မမြင်တော့ အပေါ်က
အဆောက်အဦးကြီးလောက် ကြည့်ပြီးတော့ ဘာဖြစ်လဲ? Beauty, I love. Ugly-ဆိုတော့
I hate။ အဲဒါတွေ မဖြစ်ရအောင် reality-ကို မြင်အောင် ကြည့်ရအောင်။ အရှိတရားနဲ့ အမှန်
တရားဟာ အထဲမှာ ရှိတာ။ ပါဠိကို ရွတ်ချင် ရွတ်ပေါ့- အဇ္ဈတ္တံဝါ ဗဟိဒ္ဓံဝါ။
 
တကယ်တော့ နာမည်တွေက အလကားပါ၊ နာမည်တွေ သိပ်များရင် သိပ်စကားများတယ်။
မြတ်ဗုဒ္ဓရဲ့လမ်းက "ဧကာယနော မဂ္ဂေါ"။ တလမ်းထဲပဲ။ အားလုံး အရှိနဲ့ အမှန်ကို မြင်အောင်
ကြည့်။
ရေရဲ့သတ္တိကို မြင်အောင်ကြည့်။ မြစ်တွေရဲ့အပေါ်ယံ နာမည်ကို ဖောက်၊ ရေရောက်အောင် ကြည့်ပြီးတော့ အေးချမ်းသော နှလုံးသား၊ သန့်ရှင်းသော နှလုံးသားကို တည်ဆောက်
ပြီးတော့ ငန်သောအရသာ ပြာသောအဆင်း ဆိုတဲ့ ပန်းတိုင်၊
ပန်းတိုင်ကတော့ ဘာလဲ မသိဘူး။

ဘုန်းကြီးတို့ အခုထိ မသိသေးဘူး ပန်းတိုင်က ဘာလဲလို့။ အဲဒီပန်းတိုင် တခုခုမှာ အကုန်လုံး
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပေါင်းဆုံးဖို့ရန် ဒါအရေးကြီးပါတယ်။

အဲဒါကြောင့် ခန္တီတရားနဲ့ မေတ္တာတရားပါ။ ဒီတော့ ဘာပြောမလဲ?
Capitalist-လား? Socialist-လား? Communist-လား? အဲဒါတွေဟာ အလကား၊
နာမည်တွေပဲ။ လူသား။ အဲဒီ Label-တွေကို ခွာထား။ အားလုံးဘာတွေလဲ? လူသားတွေ။
အဲဒါလေးကို ကြည့်ကြပါ။ လူသားတွေပဲ။

"သဗ္ဗေဝ အညမညေဟိ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရန္တု"။ သတ္တဝါအားလုံး အချင်းချင်း
ချစ်ခင်သော မျက်လုံးတို့ဖြင့် တယောက်နဲ့တယောက် ကြည့်နိုင်ကြပါစေကုန်သတည်း။
အားလုံးလည်း နေ့တိုင်း ဒီဆုကို တောင်း၊ မေတ္တာနာနာပို့။ "ချစ်သောမျက်လုံးနဲ့ ကြည့်ပြီး
တော့ တယောက်နဲ့တယောက် ချစ်ခင်သော မျက်လုံးဖြင့် ကြည့်နိုင်ကြပါစေ"လို့
ဘုန်းကြီးတို့ရဲ့ ဆုတောင်းကိုလည်း အစဉ်သဖြင့် ဘုန်းကြီးတို့ရဲ့ နှလုံးသားထဲမှာ
တကယ်ရှိတဲ့ ဒီဆုတောင်း, အဲဒါကို ဘုန်းကြီးတို့ တောင်းဆိုပါတယ်။
 
အဲဒါကြောင့် clear vision,ပါဠိလိုပြောရရင် သမ္မာဒဿန-ရှင်းသော ဉာဏ်အမြင်ကို

ရအောင် အပေါ်ယံက label-တွေကို ခွါထား၊ လူသားတွေဟာ လူသားအချင်းချင်း
လူသားမျက်စေ့နဲ့ ချစ်သောမျက်လုံးနဲ့ အားလုံးကြည့်နိုင်အောင် ကြိုးစား လေ့ကျင့်
ကြရမှာ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
  သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...