သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, December 25, 2013

PostHeaderIcon ဉာဏ်ကောင်းစေရန် နည်းလမ်း ၁၀-ချက်



 ဉာဏ်ကောင်းစေရန် နည်းလမ်း ၁၀ချက် ........
ဉာဏ်ကာင်းကို ကောင်းစေရပါမယ်လို့တော့ မဟုတ်ပါဘူး။
သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုး တိုးတက်စေမယ့် နည်းလမ်းများ
ဖြစ်တဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။

1. Go for a walk with a friend လုပ်ငန်းခွင်ရယ်လို့ မဟုတ်ပါဘူး။ သင်တန်း၊ကျောင်း
တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန် မိတ်ဆွေ သူငယ်ချင်းနဲ့ သွားရပါမယ်။
အဲဒီလို သွားခြင်းက လူမဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ
တက်ကြွရေးတို့မှာ တိုးတက်စေမှာဖြစ်ပြီး ဦးနှောက်ကို သန်မာစေပါတယ်။

2. Solve Puzzles, Play Games ဉာဏ်စမ်းဂိမ်းများ၊ ပဟေဠိဂိမ်းများ ဆော့ကစားပေးရပါ
မယ်။ ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီတို့ကို ဆော့ကစားပေးခြင်း၊ အလွယ်တကူ
ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ကွန်ပျူတာဂိမ်း၊ ကစားကွင်းဂိမ်း အစရှိသည်တို့ကို မိနစ်ပိုင်း
ဆော့ကစားပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။ ယင်းကဲ့သို့ ဆော့ကစားခြင်းက ဦးနှောက်
သွေးဆဲလ်တွေကို တက်ကြွစေပြီး တစုံတခုအပေါ် အာရုံ စူးစိုက်နိုင်မှု အားကို
ကောင်းစေပါတယ်။

3. Meditate တရားထိုင်ခြင်းက လွယ်ကူသော အလုပ်ဖြစ်ပါတယ်။ အချို့ က ခက်ခဲသော
အလုပ်လို့ ယူဆပါတယ်။ မထိုင်နိုင်လည်း ထိုင်နိုင်သလောက် မိနစ်ပိုင်း တရားထိုင်ပေး
ခင်းလည်း ပြုလုပ်နိုင်ပါတယ်။ တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့စဉ် မဟုတ်တောင်
၂.ရက် တခါလောက် ပြု လုပ်ပေးခြင်းဖြင့် မှတ်ဉာဏ်ကောင်းစေပါတယ်။

4. Eat healthy မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရနှင့် အောက်စီဂျင်များရဲ့
၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။ ဒါကြောင့် မိမိစားသောက်တဲ့ အစားအစာ
များကို ဦးနှောက်အတွက် အရေးပါတယ်ဆိုတာ သိထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့် ဦးနှောက်ကို
ကျန်းမာဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။

5. Think positive အရာအားလုံးကို အကောင်းမြင်ပေးဖို့ လိုအပ်ပါတယ်။
စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများက ဦးနှောက်ထဲက Neuron တွေကို သေဆုံးစေပါတယ်။
ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာများနဲ့ ကြုံကြုံ အကောင်းဘက်က မြင်ပေး
တဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။ ယင်းကဲ့သို့ အကောင်းဘက်က မင်ပေး၊ စာနာ
ပေးတတ်ခြင်းက ဦးနှောက်က ဆဲလ်အသစ်တွေ ပိုမို တိုးတက်စေပြီး စိတ်ဖိအားနဲ့ စိုးရိမ်
ကြောင့်ကြမှုများကို ဖယ်ရှားပေးပါတယ်။

6. Laugh It Up ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ရယ်သောသူသည်
အသက်ရှည်၏ ဆိုတဲ့အတိုင်း ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်း နာကျင်မှုများကို လျော့ချ
ပေးပါတယ်။ ပျော်ပျော်ရွှင်ရွှင် နေတတ်သူ၊ ရယ်မော လွယ်တတ်သူများဟာ သဘာဝ
အလျောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ဟာသရုပ်ရှင်များကည့်ခြင်း၊ ဟာသနောက်ပြောင်ပြောဆိုခြင်းတို့က ဦးနှောက်ထဲက endorphin-level ကို
မင့်တက်စေပါတယ်။

7. Listen To Music သီချင်း နားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည် ဉာဏ်သွေးကို မြင့်တက်စေပါတယ်။ အတွေးအခေါ်သစ်တွေ ရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူး ဆန်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သီချင်း နားထောင်ခြင်းက ဦးနှောက်ရဲ့ညာဘက်
အခြမ်းကို သန်မာစေတယ်လို့ ဆိုပါတယ်။

8. Do Self-Hypnosis Hypnosis ဆိုတာ စိတ်ညှို့ခြင်းကို ဆိုလိုပါတယ်။
ဒီတော့ Self-Hypnosis က မိမိကိုယ်ကိုယ် စိတ်ညှို့ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် စိတ်ညှို့ခြင်း၊ အိပ်ငွေ့ချခြင်း ထူးထူးထွေထွေ မဟုတ်ပါ။ ဥပမာ- လကုန်ရက်
တရက်ရက်မှာ လုပ်စရာတခု ရှိသည်ဆိုပါစို့။ ယင်းနေ့ကို အမှတ်ရနေပြီး တကယ်ပဲ ယင်းနေ့
မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး၊ မနက်အိပ်ယာ ၆နာရီ ထဖို့ စီစဉ်ထားရင် တကယ်ပဲ .နာရီတိတိမှာ နှိုးစက်မပါပဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။

မမေ့မလျော့ပဲ အိပ်စက်နိုင်ခြင်းမျိုး ဖြစ်ပါတယ်။ အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့
လုပ်ငန်းများကို တကယ်ပဲ မပြတ်မကွက်အောင် ပြုလုပ်နိုင်ပြီး အခြားသာမန် လုပ်ငန်း
များအပေါ်လည်း ဆိုးကျိုး မသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဦးနှောက်ကို ဒီလို
မှတ်သား ခိုင်းစေနိုင်မှုက စိတ်ဖိအား လျော့ချနိုင်ပြီး အတွေးအခေါ်များကို ပိုမို ရှင်းလင်း
ပြတ်သားစေပါတယ်။

9. Set Goals ရည်မှန်းချက် ထားရပါမယ်။ ခြောက်လအတွင်း ဖြစ်လာမယ့် ရည်မှန်းချက်၊ တနှစ်အတွင်း ဖြစ်လာမယ့် ရည်မှန်းချက် အစရှိသဖြင့် ပန်းတိုင် တစ်ခုခု ထားပြီး ကြိုးစား လုပ်ကိုင်တတ်ရပါမယ်။ ဘဝရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းက ဦးနှောက်ရဲ့ တွေးခေါ်
စဉ်းစားနိုင်မှု စွမ်းအား လျော့ကျစေပါတယ်။
ရည်မှန်းချက် ပန်းတိုင် ထားတတ်သူများက ဦးနှောက်ဉာဏ်ရည် အမြဲ ဖွံ့ဖြိုးနေပြီး
ဘဝမှာ အောင်မြင်မှုကို အတိုင်းအတာတခုအတွင်း ရတတ်ကြပါတယ်။

10. Follow a Sleep and Wake up Routine စောစောအိပ်၊ စောစောထ ဆိုတာထက်
အချိန်မှန် အိပ်၊ အချိန်မှန် ထလို့ ပြောရင် ပိုမှန်ပါတယ်။ ညဘက် သန်းခေါင်ကျော်အောင်
မအိပ်ပဲနေပြီး မနက် အိပ်ယာထ နောက်ကျသူများဟာ ဦးနှောက်လေးလံ ထိုင်းမှိုင်းပါ
တယ်။ ဒီမှာ အိပ်ဆေး အသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဉာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်
စပါတယ်။ ညအိပ်နောက်ကျပြီး အိပ်ယာ စောစောထရတာကလည်း စိတ်ပိုင်းရော၊
ရုပ်ပိုင်းရော ထိခိုက်စေပါတယ်။
စာစော အိပ်ပေမယ့်၊ နောက်ကျမှ ထ,တာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို
နှေးကွေးစေပါတယ်။ ဒီတော့ ပုံမှန် ချိန်အိပ်ပြီး ပုံမှန်ချထားခြင်းက အိပ်ရေးဝဝ အိပ်စေပြီး
စိတ်ရော၊ကိုယ်ရော ကျန်းမာစေပါတယ်။ ဦးနှောက်ကို လန်းဆန်းစေပါတယ်။

အထက်ပါ အချက်များအတိုင်း ကျင့်သုံးသွားရင် ဉာဏ်ကောင်းမလာရင်တောင် လူမှု
ပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့ လူတယောက် ဖြစ်စေပါတယ်။ သာမန် နေထိုင်
တတ်သူများနဲ့စာရင် အထက်ပါ ၁၀.ချက်အတိုင်း လုပ်ဆောင်သွားသူများက ဉာဏ်ရည်
ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘဝအခက်အခဲများကြား အောင်မြင်မှုရရှိရန် အခွင့်အလမ်း ပိုမျာ
ကြာင်း သုတေသနဝဘ်ဆိုဒ် တခုက ဖော်ပြထားပါတယ်။

(အောင်ခမ်း)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...