သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, December 23, 2013

PostHeaderIcon ခေါင်းဆောင်တို့ ကျင့်စဉ်(၃)



 ခေါင်းဆောင်တို့ ကျင့်စဉ်(၃)
*******************
"နတ္ထိ ဘိက္ခဝေ အနမတဂ္ဂေ သံသာရေ အဉာတိဗုဗ္ဗော" ဘဝသံသရာမှာ ညီအစ်ကို၊ မောင်နှမ၊
ဆွေမျိုး ဉာတိ မတော်ဘူးတဲ့ သတ္တဝါ မရှိပါဘူး။ မြတ်စွာဘုရား သံသုမာဂီရိကို ရောက်တော့၊
သံသုမာဂီရိဆိုတာ ဗာရာဏသီ အနီးနားမှာ။ သံသုမာဂီရိမြို့က ဘုရားရဲ့ဆွေမျိုးများ နေတဲ့
ဟို ဟိမဝန္တာတာင်ခြေမှာ အဝေးကြီးပဲ။ သံသုမာဂီရိကို ဘုရားရောက်တော့ အဘိုးကြီး
အဘွားကြီး နှစ်ယောက် မြတ်စွာဘုရား အိမ်ရှေ့ရောက်တာ မြင်မြင်ချင်း ထွက်ပြေးလာ
ပြီးတော့.. ဟာ..ငါ့သားကြီး အိမ်ကို မလာတာ ကြာပြီ ဆိုပြီးတော့ ဘုရားရှင်လက်ကို ဆွဲပြီး
တော့ အိမ်ပေါ်ကို ခေါ်သွားတယ်။ ဘုရားရှင်က လိုက်သွားတယ်၊ ဘာမှ မပြောဘူး။

သံဃာတော်တွေက အံ့သြငေးမောနေတာ။ အိမ်ပေါ်ရောက်တော့ သားကြီးဆိုပြီးတော့
ပုဏ္ဏားကြီးက ချွေးလေး ဘာလေးသုတ်, ခြေလေးဘာလေး ဆေး, အဘွားကြီးကလည်း
ဆွမ်းတွေ ဘာတွေပြင်၊ ငါ့သားကြီး ဆွမ်းမကျွေးရတာ ကြာပြီ,စား။ သားအမိ အရင်းလို
ပြုစုကြတာ။ နကုလပီတာ နကုလမာတာ။
အဲဒီတော့ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာစတဲ့ သံဃာတော်တွေက ဘုရားဟာ အဖေလည်း
ရှိတယ်၊ အမေလည်းရှိတယ်၊ သုဒ္ဓေါဒနတို့ မာယာဒေဝီတို့ ဆိုတာ လူတိုင်းသိတယ်။ ဒီ
အဘိုးကြီး အဘွားကြီးက သားကြီး သားကြီးဆိုတာကို ဘုရားကလည်း ငြိမ်ခံနေတယ်။
ဟုတ်မှ ဟုတ်ရဲ့လား? ဘယ်လိုလဲ?။ ဆွမ်းဘုဉ်းပေးပြီးတော့မှ ဘုရားက ရှင်းပေးရတယ်။

တို့ဗုဒ္ဓဘာသာတွေက အတိတ်သံသရာ (cycle of the continue of the birth and death)
ဒါကို တို့ ယုံကြည် လက်ခံတယ်။ အဲဒါကြောင့် အတိတ်မှာ မရေမတွက်နိုင်သော ဘဝမှာ
ငါဟာ သူတို့လက်ထဲမှာ၊ သူတို့ရဲ့ရင်ခွင်မှာ သားဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် ဘဝဟောင်း
က ဘာလဲ? အချစ်ဓာတ်။ ပရိသတ်ရေ ဘာလဲ? ဘဝဟောင်းက အချစ်ဓာတ်ပါဘုရား။
ဘဝဟောင်းက အချစ်ဓာတ်က မပြယ်သေးဘူး။
အားလုံး "ဘဝဟောင်းက အချစ်ဓာတ်လေးတွေ မပြယ်ကြပါစေနဲ့" ဆိုတာကိုလည်း
ဆုတောင်းနေတယ်။ ဘဝဟောင်းက အချစ်ဓာတ်လေးက မပြယ်သေးတော့
သားဆိုတဲ့ အမှတ်နဲ့ အိမ်ပင့်ပြီးတော့ ဆွမ်းကပ်တာ။ အဲဒီမှာ ဘုရားပြောတာ။

ဘဝဟောင်းမှာ ဆွေမျိုးသားချင်း မတော်ဖူးတဲ့ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး။ ဆွေမျိုးသားချင်း
ဆိုတာ ယဉ်ကျေးအောင် ပြောတာ။ အသေးစိတ်ပြောရရင် သိပ်မကောင်းဘူး။ အသေး
စိတ် ပြောချင်သေးလား? လင်မယား မတော်ဘူးတဲ့ ယောက်ျားမိန်းမလည်း မရှိဘူး။
အဲဒီလောက်အထိ ပြောလို့ရတယ်။ ဆရာတပည့် မတော်ဖူးတာလည်း မရှိဘူး၊
အိမ်အောက်က ကိုယ်စားပြီးတဲ့ စားဖတ် ဝါးဖတ်ကို ပစ်ချကျွေးလို့ အမြီးလေး
တငေါက်ငေါက်နဲ့ စားနေတဲ့ ခွေးလေးသည်ပင် လွန်ခဲ့တဲ့ ဘဝက ကိုယ့်အဖေ ဖြစ်ချင်
ဖြစ်မယ်။ ဘဝဟောင်းက ဆွေမျိုးသားချင်း မတော်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး။

အဲဒီလို နှလုံးသွင်းပြီးတော့. . .
၁။ အချစ်ကို မပြယ်ရအောင်
၂။ အမုန်းတွေကို ပြယ်သွားအောင် ကြိုးစားကြပါ…ဆိုတာကို ဒီအချက်လေးကိုလည်း
ဘုန်းကြီးတို့ ပရိသတ်အားလုံးကို တိုက်တွန်းပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
 
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ


0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...