သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, December 21, 2013

PostHeaderIcon ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ



ကူညီလိုစိတ် ရှိသူတွင် ဝေဖန်နိုင်ခွင့် ရှိတယ်။
ပေးခဲ့သော ကတိသည် ပြီးခဲ့သော အခြေအနေကြောင့်ဖြစ်တယ်။ ကတိကို
ဖောက်ဖျက်ခြင်းက လက်ရှိ အခြေအနေအရ ဖြစ်တယ်။

သူငယ်ချင်းဆိုသည်မှာ ၄င်အပေါ်ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
မျှော်လင့်ခြင်းဆိုသည်မှာ လမ်းလျောက်နေသော အိပ်မက်ဖြစ်တယ်။
လူ၌ ဒုတိယအကြိမ် တွေးတောစဉ်းစားမှုဟာ အကောင်းဆုံးနှင့် အထိရောက်ဆုံး
ဖြစ်တယ်။
သည်းခံတတ်သူရဲ့ဒေါသကို သတိထားပါ။

အလုပ်ပြီးဆုံးခြင်းရဲ့ဦးတည်ချက်မှာ သက်သောင့်သက်သာနှင့် အနားယူရန်ဖြစ်တယ်။

ယုံကြည်စိတ်ချရသောကြောင့် ပျက်စီးရခြင်းထက် စိုးရိမ်စိတ်လွန်ကဲသောကြောင့်
အထင်သေးခံရခြင်းက ပိုကောင်းသေးတယ်။

လူတိုင်းဟာ ချစ်ရာမှာ မြန်ဆန်တတ်ပြီး တစိမ့်စိမ့်ဖြင့် မုန်းတတ်ကြတယ်။
သံသည် အသုံးမပြုသဖြင့် သံချေးတတ်တယ်။
စီးဆင်းခြင်း မရှိတဲ့ ရေက သန့်ရှင်းမှု ပျောက်ပျက်စေပြီး ဆောင်းရာသီမှာ ခဲစေတယ်။

စိတ်ကို အလုပ်မလုပ်တဲ့အခါ စိတ်ရဲ့တက်ကြွမှုများ ပျော့ညံ့စေတယ်။
ဉာဏ်ပညာရှိကြောင်း အသေချာဆုံး ဖော်ပြသည့် အချက်မှာ အမြဲ စိတ်ကြည်လင် ချမ်းမြေ့နေခြင်းပင်ဖြစ်တယ်။
သံနိဋ္ဌာန်(ဆုံးဖြတ်ချက်) ချရာ၌ နှေးပါ၊ လုပ်ဆောင်ရာ၌ မြန်ပါ။

ငွေကြေးဥစ္စာသက်သက် အိမ်ထောင်ပြုခြင်းက ပြည်တန်ဆာလုပ်တာနဲ့ အတူတူပဲ။
စိတ်ပါဝင်စားမှု မရှိပဲနဲ့ မည်သည့် ကြီးမားတဲ့ အရာကိုမျှ မရနိုင်ပါ။
ဘဝမှာ ဝမ်းနည်းစရာဆိုလို့ နှစ်ခုပဲရှိတယ်။ ပထမတခုကတော့ သင့်ရဲ့နှလုံးသားဆန္ဒ
အလိုတွေ မပြည့်တာဖြစ်ပြီး ကျန်တခုကတော့ အဲဒီအရာကို ရလိုက်တာပဲ။

ပညာ၏ အမြစ်များမှာ ခါးသီးသော်လည်း အသီးမှာ ချိုမြိန်တယ်။
အကယ်၍ သင်သည် အလုပ်မရှိပဲ အားနေလျှင် တယောက်တည်း မနေပါနှင့်။ တယောက်တည်း ဖြစ်နေခဲ့လျှင် ဘာမှ မလုပ်ပဲ ထိုင်မနေပါနှင့်။
ပြင်ပ အသွင်အပြင်များဟာ လှည့်ဖြားမှု တခုသာဖြစ်တယ်။

လူတယောက် ဘယ်လို သေဆုံးသည် ဆိုသည်မှာ အရေးမကြီး၊
ဘယ်လို နေထိုင်သည်သာ အရေးကြီးတယ်။
လူတယောက်ရဲ့သမိုင်းကြောင်းဟာ သူရဲ့စာရိတ္တပဲဖြစ်တယ်။

သင့်လောက် ကံမကောင်းသူအား သင်၏ ပျော်ရွှင်မှုများ၊ အဆင်ပြေမှုများကို
သွားမပြောပါနှင့်။
ဆင်ဆင်ခြင်ခြင် နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းသည် လူသား၏ အကောင်းဆုံး
ဆရာဝန်နှစ်ဦးဖြစ်တယ်။
အနည်းငယ် သုံးစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့ အပေါက်ကလေးတပေါက်က
အလွန်ကြီးမားတဲ့ သဘောင်္တစင်းကို နစ်မြုပ်စေနိုင်တယ်။
(အကျိုးမဲ့ သုံးစွဲခြင်းပဲဖြစ်မှာပါ။ ရှိပြီးသားများလဲ ပါနေသည်။)

(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...