သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, December 16, 2013

PostHeaderIcon စာဖတ်သူများ အကြောင်း



 စာဖတ်သူများ အကြောင်း
*********
စာဖတ်သူများကို အမျိုးအစားခွဲခြားလျင် ...
စာကို နောက်က လိုက်၍ ဖတ်သူ၊ စာကို ရင်ဘောင်တန်း၍ ဖတ်သူ၊
စာကို ရှေ့က ကြို၍ ဖတ်သူ..ဟူ၍ သုံးမျိုးခွဲနိုင်ကြောင်း တွေ့ရသည်။

စာကို ဖတ်သောအခါ စာ၏ သဒ္ဒါအနက်ကိုသာ သိပြီး သဒ္ဒါအနက်အတိုင်း ခံယူကျင့်သုံး
သော စာဖတ်သူများကို စာကို နောက်က လိုက်၍ ဖတ်သူများ အမျိုးအစား၌ ထည့်သွင်း
ပါသည်။
စာ၏ သဒ္ဒါအနက်ကို ဖောက်ထွင်း၍ စာရေးသူ၏ စေတနာ၊ စာရေးသူ၏ ရည်ရွယ်ချက်၊
စာရေးသူ၏ နှလုံးသွင်းကို သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို
စာကို ရင်ဘောင်တန်း၍ ဖတ်သူများ အမျိုးအစား၌ ထည့်သွင်းပါသည်။
စာရေးသူ၏ စေတနာ၊ စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ၏ နှလုံးသွင်းကို ထွင်းဖောက်၍
စာ၏ အနတ္တအနက်တိုင်အောင် သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို
စာကိုရှေ့က ကြို၍ ဖတ်သူများ အမျိုးအစား၌ ထည့်သွင်းပါသည်။
 
စာကို နောက်က လိုက်၍ ဖတ်သူများနှင့် စာကို ရင်ပေါင်တန်း၍ ဖတ်သူများသည်လည်း
လောက၏ အစီးအပွားအတွက် သူ့နည်းသူ့ဟန်ဖြင့် ဆောင်ရွက်ကြသူများ ဖြစ်ကြသည်
မှန်ပါ၏။ သို့ရာတွင် ယင်းသို့ဆောင်ရွက် ကြရင်း ဆောင်ရွက်ကြသူများ၏ သန္တာန်၌ တပ်မက်
မှုများ၊ မောက်မာမှုများ၊ ငါတကောကောမှုများ ပွား၍ပွား၍ လာတတ်ပါသည်။

ထို့ကြောင့် ယင်းတို့ကို တတ်နိုင်သမျှ ပယ်သတ်နိုင်ရန် အလို့ငှာ စာကို ဖတ်သောအခါ စာ၏
အနတ္တ အနက်တိုင် သိဖို့လိုအပ်ပါသည်။ အမှန်အားဖြင့် အားလုံးသောဓမ္မတို့သည် အနတ္တ
ချည်းသာတည်း ..ဟု ဟောထားပါလျက် ယင်းအတိုင်း မသိပဲ ကျော်၍ကျော်၍ သိနေကြ
သဖြင့် ယင်းတို့၏ သန္တာန်၌ ထိုကဲ့သို့သော တဏှာ အတ္တ၊ မာန အတ္တ၊ ဒိဋ္ဌိအတ္တများ ပွား၍
ပွား၍ လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း စာ၏
အနတ္တ အနက်တိုင်အောင် သိမှသာ ဆောင်ရွက်ကြသူများ၏ သန္တာန်၌ တပ်မက်မှုများ၊
မောက်မာမှုများ၊ ငါ တကော ကောမှုများ တည်းဟူသော အတ္တသည် ပွား၍ပွား၍ မလာပဲ
ပါး၍ပါး၍ သွားမည်ဖြစ်သည်။
ထိုအခါ အရင်းရှင် စာပေကို ဖတ်သည် ဖြစ်စေ၊ ဆိုရှယ်လစ် စာပေကို ဖတ်သည် ဖြစ်စေ၊
မည်သည့် စာပေကို ဖတ်ဖတ် စာကို ရှေ့က ကြို၍ ဖတ်သူများအတွက် ဆရာဇီဝကသည်
ဆေးဖက်မဝင်သော သစ်ပင်ကို ရှာ၍ မတွေ့သကဲ့သို့ လောကအတွက် အသုံးမဝင်သော
စာပေကို ရှာ၍ တွေ့ရန်ခဲယဉ်းမည်ဖြစ်ပါသည်။
 
 စာကို အနောက်က လိုက်၍ ဖတ်သူများ
စာကို အနောက်က လိုက်၍ ဖတ်သူများသည် စာဖတ်သောအခါ စာပေ၏ သဒ္ဒါအနက်
(အဘိဓာန)ကိုသာ သိသည်။ အကြောင်းအရာ၏ အသွင်သဏ္ဍာန် (ဝါစ္စ)ကိုသာ သိသည်။
ထိုထက် ပို၍ မသိ၊ စာပေ၏ အဓိပ္ပါယ်အနက်(လက္ခဏာ)ကို မသိ၊ အကြောင်းအရာ၏
သဘောတရား (လက္ချ)ကို မသိ။ ထိုသို့မသိလျှင် စာရေးသူ၏ ဆိုလိုရင်းအာဘော်နှင့်
စာရေးသူ၏ စေတနာကို မသိပဲ ရှိတတ်၏။ ထိုအခါ စာကို နောက်က လိုက်၍ ဖတ်သူသည်
စာပေကို အကိုးအကား ပြု၍ လုပ်ငန်းကို ဆောင်ရွက်သောအခါ များစွာသော အကြပ်
အတည်း ကြုံရတတ်သည်။ တိုက်ရိုက် အကိုးအကား မတွေ့ရသောအခါ လုပ်ငန်း
ဆောင်ရွက်မှု နယ်နိမိတ်သည် များစွာ ကျဉ်းမြောင်းသွားလေသည်။
 
စာရေးသူ၏ ဆိုလိုရင်း အာဘော်နှင့် စာရေးသူ၏ စေတနာကို သိသောသူများက စာပေ
အကိုးအကားဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြသောအခါ စာပေကို နောက်က လိုက်၍
ဖတ်သူသည် သူသိသော စာပေ၏ သဒ္ဒါအနက်၊ အကြောင်းအရာ၏ ပုံသဏ္ဍာန် အကိုးအကား
ဖြင့် အခုအခံပြု၍ ကန့်ကွက်တတ်သည်။ ငြင်းခုံတတ်သည်။ ထို့ပြင် သူ့ကိုယ်သူ စာပေပါ
ပြဋ္ဌာန်းချက်များအတိုင်း တိတိကျကျ ဆောင်ရွက်တတ်သူဟူ၍ ဂုဏ်ယူတတ်သည်။
ထိုကဲ့သို့ ဖြစ်ခြင်းမှာ တခုတည်းသော စာပေကို အတူတကွ ဖတ်ကြသူများချည်း ဖြစ်ပါလျက်
စာပေ၏ အနက်ကို သိရာ၌ အချင်းချင်း ရပ်တည်ချက် မတူသောကြောင့် ဖြစ်သည်။
 
စာပေကို နောက်က လိုက်၍ ဖတ်သူသည် သူသိသော စာပေ၏ သဒ္ဒါနက်၊ အကြောင်းအရာ၏
ပုံသဏ္ဍာန်ကို တရားသေ စွဲကိုင်ကာ လုပ်ငန်းဆောင်ရွက်သောအခါ အစွဲအလမ်းကြီးတတ်
သည်။ ကြီးသော အစွဲအလမ်းကို စွန့်လည်း စွန့်နိုင်ခဲသည်။ အစွဲအလမ်းကြီးသူကို
(အာဓာနဂ္ဂါဟီ)ဟူ၍လည်းကောင်း၊ ကြီးသော အစွဲအလမ်းကို စွန့်နိုင်ခဲသူကို (ဒုပ္ပဋိနိဿဂ္ဂီ)
ဟု၍လည်းကောင်း ကျမ်းဂန်များ၌ သုံးစွဲသည်။
စာကို နောက်ကလိုက်၍ ဖတ်သူ၏ စာပေအသိသည် သညာဉာဏ်သိ အဆင့်မျှသာဖြစ်၍
လောက၏ အစီးအပွားအတွက် ဆောင်ရွက်ရာတွင် အတ္တကို အခိုင်အမာ အနှစ်သာရပြု၍
ဆောင်ရွက်ခြင်းဖြစ်သောကြောင့် အကျိုးများသင့်သလောက် အကျိုးများမှု မရှိချေ။

စာပေကို ရင်ဘောင်တန်း၍ ဖတ်သူများ
စာပေကို ရင်ဘောင်တန်း၍ ဖတ်သူများသည် စာဖတ်သောအခါ စာပေ၏ သဒ္ဒါနက်ကို
ကျော်၍ အဓိပ္ပါယ်အနက်ကို သိသည်။ အကြောင်းအရာ၏ အသွင်သဏ္ဍာန်ကို ကျော်၍
သဘောတရားကို သိသည်။ ထိုအခါ စာကို ရင်ဘောင်တန်း၍ ဖတ်သူသည် စာရေးသူ
၏ ဆိုလိုရင်းကို သိသည်။ စာရေးသူ၏ စေတနာကိုလည်း သိသည်။ ထိုသို့သိလျင်
စာပေကို အကိုးအကာားပြု၍ လုပ်ငန်းကို ဆောင်ရွက်ရာ၌ ..အကျဉ်းအကြပ်ကြုံရမှု
နည်းပါးသွားသည်။

စာပေကို ကိုးကားသောအခါလည်း တိုက်ရိုက်သဒ္ဒါနက် မကိုးကားတော့ပဲ၊ အဓိပ္ပါယ်အနက်
ကိုသာ ကိုးကားသဖြင့် လုပ်ငန်းဆောင်ရွက်မှု နယ်နိမိတ်သည် အထိုက်အလျောက်
ကျယ်ပြန့်လာသည်။ ထိုအခါ စာပေ၏ သဒ္ဒါနက်၊ အကြောင်းအရာ၏ အသွင်သဏ္ဍာန်ကို
တရားသေ စွဲကိုင်မှု မပြုတော့ပဲ လုပ်ငန်းကို ဆောင်ရွက်လာတတ်သည်။
သို့ရာတွင် စာပေ၏ ကြောင်းကျိုးဆက်နွယ်မှု အနက်၊ အကြောင်းအရာ၏ အနတ္တသဘော
ကို သိသောသူများနှင့်မူ စာပေ အကိုးအကားဖြင့် လုပ်ငန်းဆောင်ရွက်ရာ၌ အထိုက်
အလျောက် ငြင်းခုံမှုရှိတတ်သေးသည်။
 
စာပေကို ရင်ဘောင်တန်း၍ ဖတ်သူ၏ စာပေသိသည် သမာဓိဉာဏ်သိ အဆင့်မျှသာ ဖြစ်၍
မိမိသိသော အသိဉာဏ်ဖြင့် လုပ်ငန်းဆောင်ရွက်သောအခါ အစွဲအလမ်းကြီးမှုလည်း ရှိတတ်
သေးသည်။ ကြီးသော အစွဲအလမ်းကို စွန့်လွှတ်ရန် ခဲယဉ်းမှုလည်း ရှိတတ်သေးသည်။
ထိုကဲ့သို့ အစွဲအလမ်းကြီးမှုနှင့် ကြီးသော အစွဲအလမ်းကို စွန့်လွှတ်ရန် ခဲယဉ်းမှုသည် အနတ္တ
သဘောကို အခြေခံ၍ မဆောင်ရွက်ပဲ အတ္တကို အခြေခံ၍ ဆောင်ရွက်ခြင်းကြောင့်ဖြစ်သည်။
အတ္တကို အခြေခံ၍ ဆောင်ရွက်သောအခါ မိမိဆောင်ရွက်သော လုပ်ငန်းဟူသမျှ၌ မိမိအလို
အတိုင်း ဖြစ်စေလိုသော သဘောရှိလာသည်။ မိမိအလိုအတိုင်း မဖြစ်ပေါ်ပါကလည်း စိတ်
နှလုံး မသာယာမှု ဖြစ်တတ်သည်။

လုပ်ဖော်ကိုင်ဖက်များ အပေါ်၌ သူ့ကြောင့်၊ ငါ့ကြောင့် ဟူ၍ အပြစ်ပုံချတတ်သည်။ မိမိ
ဆောင်ရွက်သောလုပ်ငန်း၌ အောင်မြင်မှုရရှိလာပါက အထင်ကြီးမှုဖြစ်ပေါ်တတ်သည်။
မိမိကိုယ်ကို အထင်ကြီးမှုသည် ကျမ်းဂန်ဝေါဟာရအရ (အဓိမာန)ပင်ဖြစ်သည်။
(အဓိမာန)ဟူသည် မိမိ၌ မရှိပဲလျက် ရှိသည်ဟူသော အမြင်မှားမှု၊ မဟုတ်ပဲလျက်
ဟုတ်သည်ဟူသော အမြင်မှားမှု၊ မိမိအစွမ်းအစ မဟုတ်ပဲနဲ့ သူတပါးက ကူညီလို့ ဖြစ်
တာကို ကိုယ်တိုင် လုပ်သယောင် တတ်သယောက် ထင်မြင်မှု ဖြစ်သည်။

ထိုအမြင်မှားမှုသည် တဏှာ အတ္တကို အခြေခံ၍လည်း ဖြစ်တတ်သည်။ မာန အတ္တကို
အခြေခံ၍လည်း ဖြစ်တတ်သည်။ ဒိဋ္ဌိအတ္တကို အခြေခံ၍လည်း ဖြစ်တတ်သည်။ ထိုကဲ့
သို့ဖြစ်တတ်ခြင်းသည် စာကို ရင်ဘောင်တန်း၍ ဖတ်သူ၏ သမာဓိဉာဏ်ဖြင့် အတ္တကို
အခြေခံသော အဓိမာနခေါ် အမြင်မှားမှုကို မပယ်ဖျောက်နိုင်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် စာကို ရင်ဘောင်တန်း၍ ဖတ်သူများသည် စာဖတ်သောအခါ စာပေ၏ အဓိပ္ပါယ်
အနက်၊ အကြောင်းတရား၏ သဘောတရား။ စာရေးသူ၏ စေတနာကို သိ၍ လောက
အကျိုးစီးပွားအတွက် ဆောင်ရွက်သော်လည်း ..စာပေ၏ ကြောင်းကျိုးဆက်နွယ်မှု
အနက် (ဗျဉ္ဖနာ)၊ အကြောင်းအရာ၏ အနတ္တသဘော(ဗျင်္ဂျ)ကို မသိသောကြောင့် အတ္တ၏
အနှောင်အဖွဲ့မှ မလွတ်ကင်းသေးသဖြင့် မအောင်မြင်လျင် စိတ်နှလုံးမသာယာခြင်း၊ အပြစ်ပုံချခြင်းတို့သာ ဖြစ်ပေါ်ပြီး အောင်မြင်လျင်လည်း မိမိ ကိုယ်ကို မိမိ လူတော်ဟု
အထင်မှားခြင်း (အဓိမာန)တို့ ဖြစ်တတ်၏။
 
ထို့ကြောင့် ဤအဆင့်တွင်လည်း အကျိုး ရသင့်သလောက် ရအောင် ဆောင်ရွက်နိုင်စွမ်း မရှိ
ဟူ၍ပင် ဆိုရ၏ ..။

(သည်စာကို မှတ်ထားသည်မှာ ကြာပြီဖြစ်၍ စာရေးသူကိုပင် မမှတ်မိတော့ချေ။)

(နွေနှင်းမိုး)
 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...