သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, December 26, 2013

PostHeaderIcon လင့်ခ်တခု

 လင့်ခ်တခု
*******
ဖုန်းတလုံး ဝယ်ထားတယ် ဘရိတ်မမိလို့
သမီးတယောက် မွေးထားတယ် ဘရိတ်မမိလို့
နိုင်ငံတခု ရထားတယ် ဘရိတ်မမိလို့၊
တွေ့ကရာအကုန် ဝင်တိုက်
ကုန်တိုက်ကြီးတွေ ကွေးနေအောင်ကနေတဲ့ အလိုရမ္မက်၊
ဗွက်ထနေတဲ့ လက်ဗွေရာ မကျန်အောင် ကျင့်သွားတဲ့ အဓမ္မမှုတွေနဲ့ နိုင်ငံပျော်ကြီး
မကြာခင်ပျော်ကျ/ကြရတော့မယ်နဲ့ တပေါင်တွေ အတိတ်တွေ နိမိတ်တွေနဲ့
တိတ်/ထိတ်နေရတဲ့နိုင်ငံ/ ကမ္ဘာကျော်ကြီး
ကိုယ်သေရင် လူမလာမှာ ကြောက်တဲ့ လူတွေက ရှိသေး။
ကိုယ်မသေခင် ကိုယ့်သမီးမင်္ဂလာဆောင် လူမစည်မှာ ကြောက်တဲ့လူတွေက ဒုနဲ့ဒေး။
ကိုယ်သေသေလာတာတော့ ၄၈ နှစ်ရှိလာပြီ။
ခင်ဗျားက အဖေဆိုတာကို ငြင်းတယ် အမေဆိုတာကို ငြင်းတယ်
သေတယ်ဆိုတာကို ငြင်းတယ် အီလဲဗင်း ဘီလျှံကို ငြင်းတယ်
တိုင်းပြည်ဆိုတာကို ငြင်းတယ်။
ပြီးတော့ ဘုရားကို ငြင်းတယ် မိစ္ဆာ။
နည်းနည်းလေး ထပ်ချရရင်
ခင်ဗျားနော် ကံမကုန်မချင်း ငရဲမှာ မသေဘူးတဲ့။
လက်ကြီးပြတ်ကာ သွေးတွေစီး ပန်းထွက်နေလည်း မသေဘူးတဲ့။
အဲ့ဒီအခါ ကိုယ့်လူရေ ဘာပေးပေး မင်းမရတော့ဘူး။
ဆက်သွယ်မှု ဧရိယာအပြင်ဘက်တဲ့ ငရဲရောက်ရင်လေ။

ဘယ်သူ လုပ်လုပ်ပေါ့ သွေးမထွက်ရင် ပြီးတာပဲ။
အချိန်တန် စာပြန်သင်ရရင် ပြီးတာပဲ။
ဒုက္ခကြီးတွေ သယ်သယ်လာတဲ့ မင်းတို့ကို
ဒုက္ခသည်လေးတွေ ပြောတာက
ရေကြည်ကြည်လေးထဲမှာ ရွှေငါးလေးတကောင် ပျံလာသလို
ကျည်ဆန်တွေ ပျံလာတဲ့ အိပ်မက် မမက်ပါရစေနဲ့တော့တဲ့။
မင်းမဖြစ်လို့ပါ။ မင်းဖြစ်ရင် ဒီထက်ဆိုးမှာပေါ့။
ငါမဖြစ်လို့ပါ၊ ငါဖြစ်ရင် မင်းထက်ဆိုးမှာပေါ့။
တစ္ဆေဖြစ်မှ မကျွတ်တာ မဟုတ်ဘူး။
သံသရာမှာ လည်နေသမျှ ဘယ်သူမှ မကျွတ်ဘူး။
ကျူးကြ ကျယ်ကြ ကြွားကြ ခြင်္သေ့တွေရေ့။
အေး ငါမလိုချင်ဆုံးက နောင်တပဲ။
ငါမလိုချင်ဆုံးက သစ္စာဖေါက်တို့ရဲ့ သွားရာလမ်းပဲ။
တန်ဆောင်တိုင်ထက် စည်ကားတဲ့ လမ်းတွေနဲ့
ရထားပေါ်က လှမ်းကြည့်လိုက်ရင်
ညီညွှတ်တဲ့ မီးတွေအောက်မှာ
ဒီမြို့ရဲ့ကျောနံပါတ်က ဘယ်လောက်လဲ။
အိပ်ပျော်နေတဲ့ နာနာဘာဝ မြို့တော်ကြီး
ငါတွေ့တုန်းကလေ
ဒုစရိုက်တွေနဲ့ ထိန်ထိန်သာလို့။
အဆိုးက ဆုံးနေပြီ။
ငါပြောချင်တာက မီးကျွမ်း ဘတ်သီးတွေနဲ့
ရထားထဲ ထိုင်နေရတာကို
ဘာစကားမှ မပြောနိုင်ပဲ ပါးစပ်ကြီးဟ ဟထားတဲ့ ပါးစပ်ထဲ
ကိုယ့်အလောင်းကိုယ်ထမ်း ပြန်ဝင်သွားရသလို
ရထားက ဘာသံမှ မကြားအောင်
တိတ်တိတ်လေး ခိုးပြီး ခုတ်မောင်းနေရပုံကို။
ငါပြောချင်တာက မင်းတို့အားလုံး အစကို ပြန်သွားလို့လည်း မရ။
ရောက်တဲ့နေရာမှာ ပြန်စ ဒါအစပဲ။
လမ်းကို သိတယ် လမ်းကို သိရင် Link ကိုလည်းသိရမှာပေါ့။
Lock မချထားရင် ရပြီ။
လက်နက်ချ ဆပ်ပြာကောင်းကောင်းသုံး။
တော်ပြီ တော်လောက်ပြီ ပြီးတာတွေ ပြီးခဲ့။
တော်လောက်သင့်ပြီလို့
သံဝေဂနဲ့ ပညာရှိဆန်ဆန် ဘာသာစကားတွေ ထုတ်သုံး
မပြီးတာတွေ မီရအောင် အိတ်ထဲက ကားတွေထုတ်
အိတ်ထဲက လက်ကျန်ကလေးတွေထုတ်
အိတ်ထဲက အိပ်နေတဲ့ ငြိမ်းချမ်းရေးတွေ
အကုန်ထုတ်ကာ လာပါကောင်ကြီးရာ
ဘာမဆို ရှိတဲ့နေရာမှာ ပဒေသာပင်တွေ
အများကြီး ပြလို့တောင်မမီတဲ့ ပြည်မြန်မာ
တစည်း(ကန်စွန်းရွက်) တလုံး(တောအရက်တပုလင်း)နဲ့
ခေတ်ကြီးကို စည်ပိုင်းကြီးထဲ ထည့်၊
စည်ကြီးကို ရာဇဝင်ထဲမှာ ဘယ်သူတီးတီး မစဉ်းစားနဲ့
စည်ဘီယာတွေ တမြို့လုံး လျှံကျလာရင်
ရန်သူရော ကိုယ်ပါ ကူးခတ် ပျော်ပါး မော်ကြွား တပျော်တပါး
(မြန်မာ့ကဗျာ ကမ္ဘာကို လွှမ်းစေရမည်)
ခဏခဏအော်နဲ့။

(ခရမ်းပြာထက်လူ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...