သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, December 27, 2013

PostHeaderIcon ပညာ့လက်ဆုပ် စနစ်



 ပညာ့လက်ဆုပ်စနစ် ဆိုသည်မှာ ပညာသင်ကြားရာတွင် ဆရာမှ ကျောင်းသားတို့၏
တွေးခေါ်နိုင်မှု စွမ်းအားကို ကန့်သတ် ချုပ်ခြယ်ထားပြီး ဆရာများက မိမိသင်ကြားမှုမှ
လွဲ၍ မည်သည့် တွေးခေါ်ဆင်ခြင်မှုကို လက်မခံပဲ လက်ဝါးကြီးအုပ် ဆုပ်ကိုင်ထားသည့်
သင်ကြားရေး စနစ်ကို ဆိုလိုသည်။ ဤစနစ်သည် မည်သည့်နိုင်ငံ ပညာရေးစနစ်တွင်မှ
မတွေ့မြင်ဘူးသည့် စနစ်လည်း ဖြစ်သည်။

မြန်မာ့ ဆိုရိုးစကားတွင် ဆရာစားချန်သည် ဆိုသည့် ဓလေ့မှ ဆင်းသက်လာသည်ဟု
ယူဆထားပြီး ယခုအခါတွင်တော့ ဆရာစား ချန်ရုံတင်မက၊ ကိုယ်ပိုင်ထိုးထွင်း ဆင်ခြင်
ကြံဆမှုကိုပါ ပိတ်ပင်ထားသည့် စနစ်တခုပင် ဖြစ်လို့နေသည်။
ပညာ့လက်ဆုပ် စနစ်သည် မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ရေးအတွင်း အစိုးရအား
ပြန်လည်၍ တွန်းလှန်မည့် ပညာတတ် လူတန်းစားများ မပေါ်ပေါက်ရေးအတွက် အကွက်
ကျကျ စီမံဖန်တီးထားသော ပညာရေးစနစ်ဖြစ်သည်။ အင်္ဂလိပ်ခေတ်က အစိုးရဌာနများတွင် အမှုထမ်းဆောင်ရန်အတွက် ဖန်တီးထားသော ကျွန်ပညာရေး စနစ်ထက် ဆိုးရွားသောစနစ်
ဖြစ်ကာ မူလတန်းအရွယ်မှ စတင်၍ ကိုယ်ပိုင် အတွေးအခေါ်များ မပေါ်ထွန်းစေရန်နှင့်
စဉ်းစားတွေးခေါ်မှု ယဉ်ကျေးမှု မပေါ်ပေါက်စေရန် ရည်ရွယ်ပြီး ဖိနှိပ် ချုပ်ခြယ်မှုများ
ဖုံးလွမ်းသော ပညာရေးစနစ်ပင် ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် မြန်မာ့ပညာရေး စနစ်ကို ပုံဖော်နေကြသည့် ဆရာ၊ ဆရာမများ
အနေဖြင့် မိမိတို့ကိုယ်တိုင် ကျင့်သုံးမှန်း မသိ ကျင့်သုံးနေသော ပညာ့လက်ဆုပ် စနစ်ဆိုး
ကို ဖယ်ရှားပြီး ကျောင်းသားကျောင်းသူများကို မိမိ ကိုယ်ပိုင် ဉာဏ်ဖြင့် ထိုးထွင်းသိမြင်
လာ၍ ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသော ဓလေ့ကို ပုံဖော်နိုင်မည့် သင်ကြားရေးစနစ်ကို
ပြောင်းလဲ ကျင့်သုံးကြရန် လိုအပ်နေပါသည်။
ပညာ့လက်ဆုပ်စနစ်ကိုသာ ဆက်လက် ကျင့်သုံးနေမည်ဆိုပါက ခေတ်မီဖွံ့ဖြိုး တိုးတက်
သော နိုင်ငံတော်သစ်ကို တည်ဆောက်ရေးတွင် ခက်ခဲကြံ့ကြာနေမည်သာ အမှန်ပင်
ဖြစ်သည်။ ပညာ့လက်ဆုပ် စနစ်ဆိုးကို စွန့်လွှတ်ရန်မှာ ယနေ့ခေတ် ဆရာ၊ဆရာမများ၏ တာဝန်ပင်ဖြစ်သည်။
(နန္ဒာဘုန်းမြင့်၊  ဧရာဝတီ၊ ၂၉ နိုဝင်ဘာ ၂၀၁၃)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...