သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, December 26, 2013

PostHeaderIcon ခေါင်းဆောင်တို့ ကျင့်စဉ်(၇)



 ခေါင်းဆောင်တို့ ကျင့်စဉ်(၇)
******************
နောက်တခုဘာလဲ ပရိသတ်? ဝီရိယပါဘုရား။ ဝီရိယ endeavor။
ဝီရိယဆိုတဲ့ ဥစ္စာဟာ အဓိပ္ပါယ် နှစ်မျိုးပြောလို့ ရပါတယ်။
တမျိုးက ဝီရ- ရဲရင့်သော စိတ်ထား၊ ရဲရင့်တယ်ဆိုတာ သတ်ဖို့၊ ဖြတ်ဖို့၊ ခိုးဖို့၊ လုယက်ဖို့၊
နှိပ်စက်ဖို့ ရဲရင့်တာကို မဆိုလိုပါဘူး။

ဘာလုပ်ဖို့ ရဲရင့်ရမလဲ? အေးသလား? ဒီလောက် အေးနေတဲ့ အချိန်ကြီးမှာ အလုပ် လုပ်စရာ
ရှိတယ်၊ အဲဒီအေးနေတဲ့ အရာကို ရဲရဲတင်းတင်း ရင်ဆိုင်ပြီး သွားလုပ်ပါ။ သိပ်ပူတယ်၊ ပူနေ
တုန်းလည်း ပူနေတာကို ရဲရဲတင်းတင်းရင်ဆိုင်ပြီးတော့ လုပ်ရမည့် ကိစ္စကို လုပ်သာလုပ်။ ပူလို့ နောက်ဆုပ်နေမယ်၊ အေးလို့ နောက်ဆုပ်နေမယ် ဆိုရင် ဘာဖြစ်မလဲ? အကုန်လုံး
အခွင့်အရေးတွေ ဆုံးရှုံးမယ်။

အဲဒါကြောင့် ဝီရဆိုတာ အေးတာတို့, ပူတာတို့,စောခြင်းတို့,နောက်ကျခြင်းတို့, 
နေကောင်းခြင်း,နေမကောင်းခြင်းတို့,ချစ်သူနဲ့ ခွဲရခြင်းတို့, မုန်းသူနဲ့ တွဲရခြင်းတို့ကို
ရင်ဆိုင်ရဲတဲ့ သတ္တိကို ဘာခေါ်သလဲ? ဝီရလို့ ခေါ်ပါတယ်ဘုရား။
အဲဒီ "ဝီရရှိတဲ့ ပုဂ္ဂိုလ်ကို ဝီရိယရှိတဲ့ ပုဂ္ဂိုလ်"လို့ ခေါ်တာပါပဲ။
အဲဒီ ဝီရစိတ်နဲ့ အားထုတ်တဲ့အခါမှာ right-endeavour- အရေးကြီးပါတယ်။

Right-endeavourer-ဆိုတာက မိမိအတွက်လည်း အကျိုးရှိမယ်၊ သူတပါးလည်း အကျိုးရှိ မယ် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ဆိုရင် ဒါ endeavour-ပဲ။
ကိုယ့်အတွက်သာ အကျိုးရှိပြီး သူတပါးအတွက် အကျိုးမရှိဘူးဆိုလို့ရှိရင် အဲဒီကိစ္စကို
အားထုတ်ဖို့ အများကြီး ကျိုးစားရမယ်။
လောကရေးရာ ဆိုရင်တော့ ဒါကို လုပ်ဖို့ စဉ်းစားရမယ်။ ဓမ္မရေးရာမှာ ဆိုရင်တော့ ကိုယ့် အကျိုးစီးပွားအတွက် ဒါကို လုပ်လို့ရပါတယ်။
အဲဒါ Right endeavourer-မှန်ကန်စွာ အားထုတ်ခြင်း။ Striving steadfastly without
slacking in efforts and perseverance is the perfection of right endeavor-
ဒါဟာ perfection-တစ်ခုပဲ။ ပါရမီကို perfection-လို့ ခေါ်တယ်နော်။
If you want to perfect man, we should follow ten perfections.

ကျင့်စဉ်(၈)
နောက်တခုက ဘာတဲ့လဲ ပရိသတ်? ခန္တီပါရမီပါဘုရား။ ခန္တီလည်းပဲ ဘယ်ထဲ ပါသလဲ?
ပါရမီထဲ ပါပါတယ်ဘုရား။ ခန္တီအကြောင်း ပြောပြီးပီ။ မြေကြီးလို ကျင့်ကြ။

ကျင့်စဉ်(၉)
နောက်တခုက ဘာတဲ့လဲ ပရိသတ် ခန္တီပြီးတော့? သစ္စာပါရမီပါဘုရား။ သစ္စာ။
အဲဒါကိုလည်း ရေးထားတဲ့ ဘုန်းကြီးရဲ့ စာတမ်းလေး ဖတ်ပြီးတော့ အပြည့်အစုံ
ပြောပြမယ်။
Leaders, any leaders should not utter-မပြောသင့်ဘူး။ Any conscious
lies- သိလျက်နဲ့ မဟုတ်တာကို မပြောနဲ့။ For the sake of wealth and power-
စီးပွားဥစ္စာနဲ့ ပါဝါအတွက် သိလျက်နဲ့ မဟုတ်တာကို မပြောရဘူး။

They should not be swayed by desire-ရာဂကြောင့်လည်းပဲ လောဘနဲ့ပဲလည်း
မဟုတ်တာကို မပြောရဘူး။ ဒေါသကြောင့်လည်းပဲ မဟုတ်တာကို မပြောပါနဲ့။
They should not be swayed by fear- ကြောက်လို့လည်းပဲ မဟုတ်တာကို
မပြောပါနဲ့။ They should not be swayed by delusion- မသိသဖြင့် မောဟ
လွှမ်းပြီးတော့လည်း မဟုတ်တာကို မပြောပါနဲ့။

Leaders should constantly establish the Perfection of Truthfulness-
မှန်ကန်စွာ ပြောဆိုတဲ့ အလေ့အကျင့်ကို အားလုံး စနစ်တကျ တည်ဆောက်ကြပါ။
Which is speaking only the truth with no duplicity in speech-
စကားထဲမှာ နှစ်ခွန်း မရှိပါစေနဲ့၊ နှစ်မျိုးမရှိပါနဲ့။ Planet Venus pursues
its own course through all the seasons- Planet Venus- ဘာလဲ?
အင်္ဂါဂြိုလ်လား?

ကမ္ဘာမြောက်ဝင်ရိုးစွန်းမှာ သွားနေတဲ့ ဓူဝင်ကြယ်၊ ကမ္ဘာကြီးကို ပတ်နေတာ လမ်းကြောင်း
လေး ပြောင်းပြီးတော့ ဟိုလမ်းကြောင်း ဒီလမ်းကြောင်းကနေ သွားဦးမယ်ဆိုပြီးတော့
ဘယ်တုန်းက သွားဘူးလဲ?။ ကမ္ဘာပတ်နေတဲ့ ကြယ်တာရာတွေ, လတွေ, နေတွေ,
ဒီ orbits-တွေ, ဒီ planet-တွေဟာ ဒီ orbit-ကိုသာ ပြောင်းပြီးသွားရင် ကမ္ဘာကြီး
ဘာဖြစ်မလဲ? ကမ္ဘာပျက်မယ်။
အဲဒါကို စံနမူနာထားပြီးတော့ မှန်ကန်သော လမ်းကြောင်းက အားလုံး လျှောက်ကြပါ၊
သစ္စာပါရမီ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ
(Ph.D., D.Litt.)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...