သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, December 29, 2013

PostHeaderIcon ဘုရား မကြိုက်တဲ့ လူစု



ဘုရား မကြိုက်တဲ့ လူစု
**********
ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဖြစ်စိမ့်ငှာဟု၊
ဉာဏ်ပါကဝိ၊ မှတ်စုကို ညှိပြီးလျှင်၊
အဘိဓမ္မတ္ထသင်္ဂဟေ၊ သဂြိုဟ်ကို ဝိုက်သိုင်းလို့၊ ကိုးပိုင်းလုံး မွှေခဲ့မည်၊
စေ့ရေ မူလ၊ ပညာရှိ ငါဟဲ့နော်လို့၊ အာဘော်ကို ပြပြီးလျှင်၊
မာနဖိစီး၊ မနှီးမနှော၊ တယောက်နှင့် တယောက်၊ အာပေါက်အောင်ပြောကြ၊
သောမနဿသဟဂုတ်၊ လဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတသမ္ပယုတ်၊
ကြက်သွန်ကြော်များများနှင့်၊ ဗိုက်ကားအောင် တုတ်ပြီးလျှင်၊

သရုပ်များ ကွဲလေဟန်၊
လက်လေးသစ်လောက် စာတိုကို၊ ဝိဂြိုဟ်တွေ ကျင်းပြီးလျှင်၊
အငြင်းက ကြောက်ဖွယ်သန်၊ မာနဂုဏ် သူကိုး၍၊ ဖြတ်ထိုးနှင့် တညံညံ၊
ဋီကာကျော် လက်သန်းမှာ၊ အာဝဇ္ဇန်း မောက်လျှံ၍၊
ဘလောင်ဆန် ဆူကြွက်၊

မြတ်ဇိနော် ဓမ္မစက်ကို၊ ဇာတ်စကား ရောယှက်၍၊
ဖျက်သူကလဲ အတန်တန်၊
ရူပဘူတုပ္ပါဒါယ ဘေဒဘိန္ဒော၊ ကွမ်းကော ဆေးကော၊ ချလော့ ခုလျှင်၊
အလှူ့ရှင် ပြင်ခဲ့ပြင်ခဲ့၊
အရွက်ကြမ်း လဘက်မဲကို၊ ဆီရွှဲရွှဲ မထည့်၍၊ ကဲရဲ့သူကလည်း တမှောင့်၊
ဟို အိမ်ဦး တထောင့်က၊
အို.. ကျောင်းတကာ၊ ဘုရားတကာ၊ မေးလေရာတွင်၊
ပညာနိဿရည်း၊ ဝိနည်းတလီ၊ အလဇ္ဇီနှင့်၊ လဇ္ဇီတဝ၊
လူအပေါင်းတို့၊ စိတ်ခွလေအောင်၊ ကံဒွါရ ငြင်းကြသည်၊

ကရွတ်ကင်း ပုံတချက်၊ အချို့သောသူတို့က မိစ္ဆာဉာဏ် ကူးဖက်၍၊
အနက်ကိုလည်း မသိ၊ ပညာရှိ ငါတဆူ၊ ဖြစ်လေသည် ဟူသတည်းဟု၊
အလှူ မသာ၊ ရှိလေရာတွင်၊ လယ်ကာဝါကြွား၊ လဘက်စားသည်၊
ဘုရားမကြိုက်တဲ့ လူစုတည်း။
 
(ဦပုည)

1 comments:

Ko Than Lwin said...

Thanks for your poem!

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...