သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, December 23, 2013

PostHeaderIcon ခေါင်းဆောင်တို့ ကျင့်စဉ်(၄)


ခေါင်းဆောင်တို့ ကျင့်စဉ်(၄)
*******************
ဘုရားလောင်းစိတ်ဓာတ် မွေးဆိုတော့ တဆက်တည်း ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ်

ဆိုတာလေးကို နဲနဲ ဆက်လက်ပြီးတော့ ပြောပြချင်သေးတယ်။ ဘုန်းကြီးနောက်ထပ် အချိန်
(၁၅)မိနစ်လောက် ယူမယ်။ အရေးကြီးတဲ့ အပိုင်းလေးတွေကို ဘုန်းကြီး Point-တွေလောက်
ပြောပြီးသွားပါပြီ။

ဘာပြောမလဲဆိုတော့ ဘုရားလောင်းရဲ့ ကျင့်စဉ်က (၁၀)ခု ရှိတယ်။ (၁၀)ခုကို ဗမာတို့

ပြောနေကျအတိုင်း ရိုးရိုးပြောရင် ပါရမီ (၁၀)ပါး။ ပထမ ပါရမီက ဘာများလဲ? ပရိသတ်
ကြားဘူးလား? ပြောစမ်းပါ။ ဒါနပါရမီပါဘုရား။ ဒါန။ ဒါန-ဆိုတာကို ဘယ်လို နားလည်လဲ?။
လှူတယ်လို့ ဒီလို နားလည်မယ်နော်။

လှူတာလည်း ဒါနမှန်တယ်။ အဲဒီ ဒါနထဲမှာ ပေးတာကိုလည်း ဒါနအနေနဲ့ထည့်ပါ။ နဲနဲလေး
နဲနဲလေး ကွာတာကို ကိုယ့်ဟာကို နှလုံးသွင်းယူပါ။ Share-ဝေပေးတာ၊ ဝေငှတာကိုလည်း
ဒါနပါရမီထဲ ထည့်ပါ။ စွန့်လွှတ်တာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ လှူတယ်၊ ပေးတယ်၊
ရှယ်ယာတယ်၊ ဝေငှတာကိုလည်း ဒါနထဲထည့်ပါ။

ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် (United Nation Organization)က "ဗုဒ္ဓနေ့" အခမ်းနား

ကျင်းပတယ်။ (၁၆)နိုင်ငံက ကိုယ်စားလှယ်တွေကို စကားပြောဖို့ ဖိတ်တယ်။ (၁၄)နိုင်ငံ
က သံအမတ်တွေ ပြောတယ်၊ ဗမာနဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံပဲ ဘုန်းကြီး တက်ပြောတယ်။
Dana means giving up of our position။
ဘာလုပ်တာလဲ?။ မိမိတို့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်တာ။ Sharing our power with others။
မိမိတို့ရဲ့Power-တွေကို ဘာလုပ်တာလဲ? သူတပါးတို့နဲ့ ဝေငှတာ။ Now-a-day craving for
power influence and wealth, အဲဒါတွေကို သိပ်ပြီး crave-ဖြစ်နေလို့ရှိရင်၊ is the main
cause for war and tension။
သိပ်ပြီးတော့ position-ကို အရမ်း မက်မောနေကြလို့ရှိရင် ဘာဖြစ်လဲ?။ Tension-နဲ့
စစ်အတွက် အဓိက အကြောင်းကြီး ဖြစ်နေတတ်တယ်။

ဗိမ္ဗိသာရမင်းကြီး အသတ်ခံရတာ၊ နောက်ပြီးတော့ ကောသလတိုင်းက ကောသလ

ဘုရင်ကြီး နန်းလုခံရတာ၊ အဇာတသတ်က အဖေကို သတ်ပြီးတော့ နန်းလုတယ်။
ကောသလတိုင်းမှာ ကောသလဘုရင်ကို နန်းချပြီးတော့ ဝိဋဋူဘက နန်းလုတယ်။
Power sharing-မလုပ်လို့။

ဝေသာလီကျတော့ လိစ္ဆဝီမင်းတွေက "ဝေသာလိယာ လိစ္ဆဝီရာဇာနော ဝါရေန ရဇ္ဇံ ကာ
ရေသုံ"-ဆိုပြီးတော့ ဘုရင်ကို လေးနှစ် တကြိမ်, လေးနှစ် တကြိမ် ပါလီမန်လွှတ်တော်
ထဲကနေ ရွေးပြီးတော့ ဘုရင်ကို တင်မြှောက်သွားတာကို တွေ့ရတယ်။ ဝေသာလီမှာ
ရာဇဂြိုလ်ရဲ့ ဖြစ်ရပ်မျိုး ကောသလတိုင်းမှာမျိုး တခါမှ မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒါန
ဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကို လှူတာလောက် တခုတည်း မဟုတ်ပဲနဲ့ ဝေငှတာ
ကော ယူရမယ်။

ကိုယ်က Billion-အထိ ချမ်းသာနေတယ် ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့

ဝေပေးပါ။ ကိုယ်က ဘီလျံ (Billion)၊ မီလျံ(Million) လောက် ချမ်းသာနေမယ်
ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် ဆေးလေးတွေ၊
ပညာရေးလေးတွေ ဝေပေးပါ။ Sharing our positions with the poor people။
Poverty ကမ္ဘာကြီးက အများကြီး poor-ဖြစ်နေကြတယ်၊
poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများနေကြတယ်။ The possessor-တွေက ဘာလုပ်ကြမလဲ?
ဝေနိုင်မှ tension-မှုတွေ လျော့ပြီးတော့၊ the world fighting, conflicting-တွေလည်း
လျော့သွားမယ်။

ဒါနပါရမီဟာ အလွန်ကျယ်ပြန့်ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို အောင်မြင်တယ်။ ဒါနံ

သဗ္ဗတ္ထ သာဓကံ-ဟောထားတာ ရှိပါတယ်။ Learning the beauty of giving- ပေးကမ်း
စွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပလေးတွေကို သင်ယူကြပါ။ We should pity on
millions of people who are living under poverty-line- ဆင်းရဲ မွဲတေနေကြတဲ့
လူတွေကို များများကြီး ကြည့်ပြီးတော့ မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ်
တွေ မွေးကြပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ


0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...