သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, December 11, 2013

PostHeaderIcon မေတ္တာ,စေတနာ ထားတယ်ဆိုတာ လွယ်မယ် မထင်နဲ့


 မေတ္တာ,စေတနာ ထားတယ်ဆိုတာ လွယ်တယ် မထင်နဲ့
********************
မေတ္တာတို့ စေတနာတို့ ဆိုတာကို လူတိုင်းနီးပါးက ပြောဆိုနေပြီး လူတိုင်းလဲ လုပ်ဆောင်
နေကြတယ်။ ဒါပေမဲ့ တဖက်သားအပေါ်မှာ ကူညီတာပဲဖြစ်ဖြစ်၊ ပေးကမ်း စွန့်ကြဲတာပဲဖြစ်
ဖြစ်၊ ပြုလုပ်ပြီးတာနဲ့ နောက်ဆက်တွဲ အသံထွက်လာကြတာကတော့ “ငါကတော့ ဘယ်လို၊
သူ့ကတော့ဖြင့် ဘယ့်နှယ်”ဆိုတဲ့ အလိုမကျသံများက ဆက်လက် ကပ်ပါလာနေကြတာကို
မြင်ကြားဖန် များလာတော့ အော် စေတနာ မေတ္တာက မမှန်ကန်ကြဘူးကိုး-လို့ပဲ
ဆင်ခြင်မိပါတယ်။

သူတပါးကို ပေးကမ်းလှူဒါန်းတဲ့နေရာ၊ ကူညီရိုင်းပင်းတဲ့ နေရာမှာ မုတ္တစာဂီ-မိမိ ကူညီ
လိုက်တဲ့အပေါ်မှာ မျှော်လင့်ချက်၊ တုံ့ပြန်မှု ဖက်တွယ်ကပ်ငြိမှု နှောင်ဖွဲ့မှု မရှိစေရပဲ
လွတ်လွတ် စွန့်ကြဲနိုင်ရမယ်။
သပ္ပုရိသဒါန ငါးမျိုးထဲမှာလဲ အနုဂ္ဂဟိတဒါန-တဲ့ မိမိပေးကမ်း ကူညီလိုက်တဲ့ ပစ္စည်း
ဝတ္ထုများရဲ့အပေါ်မှာ ကပ်ငြိတွယ်တာမှု မရှိစေရဘူး။ အနုပဟစ္စဒါန- မိမိပေးကမ်း
ကူညီလိုက်သူများအပေါ်မှာ အလိုမကျ မနစ်မြို့ဟန်နဲ့ ထိပါး ပုတ်ခတ် စွပ်စွဲပြောဆိုတာ
မျိုးလဲ မလုပ်ရဘူး။တဲ့။ အဲဒါမှသာ မိမိ ပြုလုပ်လိုက်တာများက အကျိုးပေးကောင်းမယ်။
အကျိုးကိုလဲ ပြည့်ပြည့်ဝဝ ခံစားရမယ်-တဲ့ အဲသလို ဗုဒ္ဓမြတ်စွာက မိန့်ထားတယ်။

ဒီတော့ မေတ္တာစေတနာနဲ့ လှူကြတယ်၊ ကူညီလုပ်ကြတယ်သာ ပြောတယ်။ လှူပြီး လုပ်ပြီး တာနဲ့ စောစောက ပြောသလိုပဲ…‘ငါကတော့ ဘယ်လို ကူညီပေးလိုက်ရတာ သူတို့က
တော့ ငါ့ကို အကောင်းမမြင်ဘူး။ ပင်ပန်းတာပဲ အဖက်တင်တယ်။ ဆိုတာမျိုး။ လုပ်သာ
လုပ်ပေးရတာ အလကားပါအေ၊ ဘယ်လို ဘယ်နှယ့်”ဆိုပြီး ပြောတာများဟာ မိမိတို့
ပေးကမ်းကူညီလိုက်တဲ့ ပစ္စည်းဝတ္ထုများရဲ့အပေါ်မှာလဲ နှမြော တွန့်တိုသံ ပါနေတယ်။
နောက်တခါ အလှူခံဖြစ်တဲ့ မိမိ ကူညီပေးကမ်း လုပ်ပေးလိုက်သူများရဲ့အပေါ်မှာလဲ
ကဲ့ရဲ့သံက ပါနေပြန်တယ်။

အဲဒီတော့ မိမိ လုပ်ခဲ့တဲ့ စေတနာနဲ့ မေတ္တာဆိုတာဟာ ဖြူစင်မှု မရှိဘူး။ သန့်စင်မှု မရှိဘူး
ဆိုတာ သေချာနေတာပေါ့။ သေချာလို့ ဒီလိုအတွေးမျိုး ဒီလို အသံမျိုးထွက်လာတာပဲ။ အဲဒီ
တော့ အကျိုးပေးကလဲ မကောင်းတော့ဘူးပေါ့။ ဒီအသံက ပြုပြင်စေလိုတဲ့ အသံမျိုး မဟုတ်
ဘူးနော်။
စေတနာကောင်းမှ ကံကောင်းမယ်။ စေတနာမကောင်းရင် ကံမကောင်းဘူးဆိုတာ လူတိုင်း
ပါးစပ်မှာ စွဲနေတာနော်။ စေတနာ’ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ- သစိတ္တ ပရိယောဒပနံ-တဲ့
ဘုရားရှင်တိုင်း ဆုံးမခဲ့တာ။ စေတနာနဲ့ မေတ္တာက မဖြူစင်ပဲ ညစ်နွမ်းနွမ်းဆိုတော့ အကျိုး
ခံစားရမှာကလဲ အပြည့်အဝ မဟုတ်ပဲ နွမ်း ပါးပါးလေးပဲ ခံစားရတော့တာပေါ့။ မသိသာတော့
ဘူးဖြစ်တာပဲ။

ပါရမီဖြည့်တယ်ဆိုတာ မလုပ်ပဲလဲ မနေရဘူး။ လုပ်ရမယ်။ သတ္တဝါ အတန်းစားမရွေး ကူညီ
ပေးကမ်းနိုင်ရမယ်။ မိမိလုပ်သမျှ ကူညီရိုင်းပင်း ပေးကမ်းမှု မှန်သမျှအပေါ်မှာ ဘာမှ
တွယ်တာ ငြိကပ်မနေနဲ့ ဘာ မျှော်လင့်ချက် တုန့်ပြန်ချက်မှလဲ မထားရဘူး။ မိမိကို ချီးမွမ်း
တာရော ကဲ့ရဲ့တာရော မလိုချင်ရဘူး။ အဲဒါ ဥပေက္ခာပဲ။ အဖြူထည် စိတ်ကလေးအတိုင်း
ထားပြီး ကူညီရိုင်းပင်း ပေးကမ်းလိုက်ရတဲ့အတွက် တဖက်သားရဲ့လိုအပ်ချက်များကို
ဖြည့်ပေးလိုက်ရတာပါလားလို့ ကြည်နူးမှု၊ ဝမ်းမြောက်မှု ပီတိသောမနဿ-လေးကိုပဲ
မွေးနိုင်ဖို့ ကြိုးစား။ ကိုယ့်စိတ်ကို မည်းညစ်မသွားစေနဲ့ အဲဒါဆို ရှေ့ဆက်မသွားနိုင်သေး
ရင်တောင်မှ အတိုင်းအထက်အလွန် အကျိုးများနေပါပြီ။

လွယ်မယ် မထင်နဲ့နော်။
မြတ်ဗုဒ္ဓရဲ့တရားမြတ်တွေဟာ ဘယ်ဟာမှ လွယ်ကူတာ မရှိဘူး။ လွယ်လွယ်လေးနဲ့
ဟောခဲ့တာ မဟုတ်ဘူး။ လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်၊ ဆိုတာ ဒီတရား
တွေပါပဲ။ အမြင်လွယ် မလိုနဲ့ လိုက်နာကျင့်သုံးဖို့ ခက်ခဲလှတယ်။။ သူတော်ကောင်း
စိတ်ဓာတ်အရင်းခံ ရှိသူများအတွက်ကတော့ မခဲယဉ်းလှပါဘူး။ ခက်ခက်ခဲခဲ လုပ်ယူ
ရလို့လဲ အကျိုးပေးက ကြီးမားတာပါ။ စေတနာ,မေတ္တာ မမှန်ကြလို့သာ အကျိုးပေး
မသန်ကြတာပါ။

သတ္တဝါတိုင်းရဲ့အပေါ်မှာ မိခင်က သားတယောက်အပေါ် ထားတဲ့ မေတ္တာမျိုး
ထားနိုင်မှသာ အကောင်းအဆိုး၊ အပြစ်မယူ၊ အကျိုးအပြစ် မမျှော်တ,ပဲ ထား
နိုင်မှ မေတ္တာစစ် ဖြစ်မယ်လို့ မြတ်ဗုဒ္ဓမိန့်ခဲ့လေတော့ သာမန် စိတ်ထားလေးနဲ့
မေတ္တာလို့ သုံးနှုံးရင်ပဲ ရှက်ဖွယ်လို ဖြစ်နေတာပါ။ အဲသလို ခက်ခဲပါတယ်။

ဒါဟာ ဗုဒ္ဓတရားရဲ့ အခြေခံဖြစ်တဲ့ စေတနာ,မေတ္တာကို ဖြူစင် သန့်ရှင်း စင်ကြယ်အောင်
ထားတတ်ဖို့လေးပဲ ရှိပါသေးတယ်။ ဒီစိတ် စေတနာလေးကို မှန်ကန် ဖြူစင်အောင်
ထားတတ်ဖို့ပင် အတော်လေး ခက်ခဲလှပါတယ်။ စိတ်ထား မမှန်ကန် မဖြူစင် မစင်ကြယ်လို့၊
အသိဉာဏ် နုနယ်သေးလို့သာ တဏှာနဲ့ ဒေါသ မကင်းတဲ့ ကဲ့ရဲ့ပြစ်တင်သံတွေ ဆိုတာ
ထွက်ပေါ်လာတာပါ။
စိတ်စေတနာနဲ့ မေတ္တာကို မှန်ကန် ဖြူစင်အောင် ထားနိုင်ကြပါစေ။
 
သူတော်ကောင်းတရား၊ နည်းမှန်များ၊ တိုးပွားနိုင်ပါစေ။
တရားနည်းမှန်၊ လူတိုင်းထံ၊ အမှန် ကိန်းပါစေ။

(ဂမိက ဝနဝါသီ အရှင်)၏ တရားတော်များမှ
(Nwehninmoe)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...