သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, December 16, 2013

PostHeaderIcon လွတ်လပ်ခြင်းနဲ့ ချမ်းသာမှု




လွတ်လပ်ခြင်းနဲ့ ချမ်းသာမှု
*******
လူတိုင်း လွတ်လပ်မှုကို လိုလားတောင့်တကြသလို လွတ်လပ်မှု မျိုးစုံကိုလည်း ရှာဖွေကြံဆ
လုပ်ဆောင်နေကြတာဟာ လောကရှိ လူသားများနဲ့ သတ္တဝါတိုင်းလိုလိုပင် ဖြစ်သည်။
လွတ်လပ်မှုကို ရှာဖွေကြရာမှာ လောကီနဲ့ လောကုတ္တရာ သီးသန့်စီလို့ ပြောနေကြပေမယ့်
တကယ်တမ်းမှာတော့ ခွဲခြားလို့ မရပါဘူး။ စိတ်နေစိတ်ထား ကိုယ်အမူအရာ နှုတ်အမူအရာ
စတာတွေ နူးညံ့သိမ်မွေ့ရှိကြအောင် လုပ်ဆောင်မှု အပိုင်းတွင် လောကုတ္တရာအသိများကို
အခြေခံပါတယ်။

လောကုတ္တရာ အသိများ အခြေခံတဲ့ ရယူခြင်း မှန်သမျှသည် ကိုယ်စိတ်နှစ်ပါး အေးချမ်းပြီး
ပူပန်မှု စိုးရိမ်မှုစတဲ့ အကျိုးဆက်များကိုပါ ကင်းဝေးစေပါတယ်။ ထိုကဲ့သို့ ပူပင်မှု ကင်းပြီး
ငြိမ်းချမ်းသာယာတဲ့ လွတ်လပ်မှုကို ဖော်ဆောင် ဖန်တီးနိုင်မှသာ ဘဝတလျှောက်မှာ
လည်း အေးချမ်းသာယာတဲ့ ဘဝမျိုးနဲ့ ရေရှည် ရပ်တည်သွားနိုင်မှာဖြစ်တယ်။

လောကီလူနေမှုဘဝ အေးချမ်းသာယာ ပြည့်စုံပြီး လွတ်လပ်မှုများ ရရှိပြီးမှသာ 
လောကုတ္တရာရဲ့လွတ်လပ်မှုနဲ့ ချမ်းသာမှုများကို မှန်မှန်ကန်ကန် ရှာဖွေနိုင်မှာဖြစ်သည်။
ထိုကဲ့သို့ လောကီ လွတ်လပ်မှုကနေ လောကုတ္တရာလွတ်မြောက်မှုကို အေးချမ်းစွာရှာဖွေ
ရရှိ နိုင်ကြသည်ကို ရည်ရွယ်၍ လောကုတ္တရာအသိနှင့် ကင်း၍ မရခြင်းဟု ဆိုလိုသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာလူမျိုး အများစု ဖြစ်သည့်အလျှောက် ထိုကဲ့သို့ အသိတရားနဲ့
ယှဉ်တွဲ ရယူတဲ့ လွတ်လပ်မှုကို အခြေခံ၍ လောကရဲ့လွန်မြောက်ရာ နိဗ္ဗာန်ကို နောက်ဆုံး
ရည်မှန်းချက်အဖြစ် ထားကြသည်နှင့်အညီ လောကုတ္တရာ အသိဖြစ်တဲ့ ဗြဟ္မစိုရ် (ဗြဟ္မ
ဝိဟာရ) တရားများကို အခြေမခံ၍ မရနိုင်ပါ။

လူနေမှုစရိုက် ဘာသာတရားနဲ့ ယဉ်ကျေးမှု ဓလေ့များအရ ကွဲပြား ခြားနားနေသဖြင့်
တခြားသော တိုင်းပြည်များနှင့် နေရာတကာတွင် နှိုင်းယှဉ်ကြည့်၍လည်း မရနိုင်ပါ။

မေတ္တာ ကရုဏာမုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်(ဗြဟ္မဝိဟာရ)တရားများ၊ စေတနာနဲ့ ခန္တီ
တရားများ လက်ကိုင်ထားပြီး လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်နေကြတဲ့
တိုင်းပြည်များ ကမ္ဘာတခွင်တွင် ကြီးပွားတိုးတက်ပြီး အေးချမ်း သာယာနေကြသည်ကို
တွေ့မြင်နိုင်ကြလိမ့်သည်။
၎င်းတရားများ ကင်းမဲ့ ဆိတ်သုဉ်းနေကြတဲ့ တိုင်းပြည်များတွင် မငြိမ်မသက် ဖြစ်ကြတာ
ပြဿနာမျိုးစုံနဲ့ ပို၍ ရင်ဆိုင်နေကြရသည်ကိုလည်း တွေ့မြင်နိုင်ကြပေလိမ့်မည်။ 

ဗြဟ္မစိုရ်တရားများ ကင်းဝေးနေပြီး ပူပင်ကြောင့်ကြ စိုးရိမ်မှုများနဲ့ အသက်ရှင်သန်
နေကြရတဲ့ လွတ်လပ်မှုမျိုးရဲ့ ဘဝဖြစ်စဉ်များဟာ အဓိပ္ပါယ် မပြည့်ဝတဲ့ ဘဝတခုရဲ့
ရှင်သန်မှုကို တန်ဖိုးမဲ့စွာနဲ့သာ အဆုံးသတ်သွားကြရတာပါ။ အေးချမ်းသာယာပြီး
အဓိပ္ပါယ်ရှိတဲ့ အဆုံးသတ်မှုမျိုးနဲ့ မကြုံတွေ့နိုင်ပါဘူး။
ပူပန်ကြောင့်ကြမှု ကင်းစွာနဲ့ ရယူထားတဲ့ လွတ်လပ်ခြင်းမျိုးကသာ အေးချမ်းသာယာမှုကို
ပေးစွမ်းနိုင်ပါတယ်။

ဗုဒ္ဓက “ပရာဝဇ္ဇာနုပဿိဿ နိစံ္စ ဥဇ္ဈာနသညီနော အာသဝါ တဿ ဝဍ္ဎန္တိ” စသည်ဖြင့်
သူတပါးရဲ့အပြစ်ကိုသာ အမြဲစောင့် ကြည့်၍ အပြစ်ချည်းပဲ ပြောနေမယ်ဆိုရင်
ဘယ်တော့မှ ကိုယ်စိတ်နှစ်ပါး၏ ငြိမ်းချမ်းမှုကို မရနိုင်ဘူး။ အေးချမ်းတဲ့ နေရာနဲ့လဲ
ဝေးကွာ သွားမယ်။  သူတပါးရဲ့အပြစ်ကိုလည်း မိမိစိတ်ထဲမှာ ကြာကြာထည့်ထားတာ
ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ကိုယ့်အပူ ကိုယ့်အကုသိုလ် ကိုယ့်ရှာနေတာပါ။
အငြင်းအခုံ သိပ်များလွန်းနေရင် အသိတရား မရှိသူများရဲ့လုပ်ရပ်ပဲလို့ ဟောခဲ့တယ်။
 
လွတ်လပ်မှုကို ရယူရာတွင် အနုနည်း အကြမ်းနည်းတို့ရှိရာတွင် အနုနည်းနဲ့ ရယူတာဟာ
အေးချမ်းမှုကို ဖြစ်စေပါတယ်။ အကြမ်းနည်းနဲ့ ရလာတဲ့ လွတ်လပ်မှုမျိုးဟာ ဘယ်တော့မှ
အေးချမ်းမှုကို မဖြစ်စေနိုင်ပါဘူး။ ပူပန်မှုစိုးရိမ်မှုတွေနဲ့ပဲ လုံးပမ်းနေရမှာပါ။

ပူပင်မှု ကြောင့်ကြမှုတွေ ရောပြွမ်း နှိပ်စက်ခံနေရတဲ့ သူများဟာ ဘယ်တော့မှ ငြိမ်းချမ်းမှုကို
မရနိုင်သလို ဘယ်တော့မှလည်း အေးချမ်းသာယာမှုကို မဖြစ်စေနိုင်ပါဘူး။ ငြိမ်းချမ်းတဲ့
တရားများကိုလည်း ရှာမတွေ့နိုင်ဘူးလို့ ဟောခဲ့တယ်။ ဗုဒ္ဓကိုယ်တိုင်လည်း ကရုဏာနဲ့
မေတ္တာ အရင်းခံတဲ့ အောင်မြင်မှုများကိုပဲ ရှာဖွေ ရယူခဲ့တာပါ။

စေတနာမေတ္တာအရင်းခံပြီး ရလာတဲ့ ငြိမ်းချမ်းမှုကသာ လူသားအားလုံးကို ထာဝစဉ်
ငြိမ်းချမ်းစေပြီး တည်မြဲမှုရှိတဲ့ ဘဝတွေကို အေးချမ်းစွာ ရပ်တည်မှုပေးနိုင်ကြမှာပါ။

“န ဘိက္ခဝေ ဓမ္မဝါဒီ ကေနစိ လောကေ ဝိဝဒတိ” ချစ်သားချစ်သမီးတို့ အမှန်တရားကို
တကယ်တမ်း လက်ကိုင်ထားပြီး ပြောဆို လေ့ရှိသော သူသည် လောကမှာ ဘယ်သူနဲ့မှ
ငြင်းခုံလေ့ မရှိဘူး”လို့ ဗုဒ္ဓရှင်တော်ဘုရားက မိန့်တော်မူခဲ့တယ်။

အမှန်တရားကို လိုလားပါတယ် ဆိုတဲ့ လူများအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ အနေနဲ့ ဘာတခုမှ
လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်းမျိုး မရှိပဲ ငြင်းခုံနေတာဟာ တန်ဖိုးရှိတဲ့
အချိန်တွေကို ဖြုန်းတီးပစ်ရာ ရောက်ပါတယ်။ လက်တွေ့လုပ်ဆောင်နေရင်း လုပ်ကိုင်နေရင်း
တိုးတက်မှုကို ဦးတည်၍ အကြံပေးအကြံယူတဲ့ ငြင်းခုံမျိုးကမှ လက်တွေ့ကျပြီး အကျိုးရှိ
ပါလိမ့်မည်။ သို့မဟုတ်လျှင် လေဖမ်းဒန်းစီး ဆိုတာမျိုးပင်ဖြစ်ပေမည်။ 

လူသားတိုင်း ဘဝမှာ လွတ်လပ်ငြိမ်းချမ်းမှုကို လိုလားတယ်ဆိုတာ ငြင်းနိုင်မှာမဟုတ်ပါဘူး။
လွတ်လပ်ငြိမ်းချမ်းမှုကို မြဲမြံခိုင်ခံ့စွာ ရယူပြီး သာယာတည်ငြိမ်စွာ ရပ်တည် နေထိုင်သွားဖို့
ဆိုရင် ယဉ်ကျေးနူးညံ့တဲ့ ရယူခြင်းမျိုးကာသာ ထိုသာယာငြိမ်းချမ်းမှုကို ပေးစွမ်း နိုင်မှာပါ။

အကြမ်းနည်းနဲ့ ရယူထားတဲ့ ငြိမ်းချမ်းမှုမျိုးကတော့ ကိုယ်တိုင်ရော ကိုယ့်မိသားစု ကိုယ့်ပတ်
ဝန်းကျင်နဲ့ ကိုယ်နေတဲ့ ဝန်းကျင်ရှိ နိုင်ငံများပါ အားလုံး အမြဲတမ်း ပူပန်မှု ကြောင့်ကြမှု
များနဲ့သာ နေထိုင်သွားရမှာပါ။ တည်တံ့မှုလည်း မဖြစ်နိုင်တဲ့အတွက် တချိန်ချိန်မှာ ကိုယ့်
နည်းတူ အခြားသူ တဦးဦးကလည်း ကိုယ့်ထံကနေ အကြမ်းနည်းနဲ့ ပြန်လည် ရယူဦးမှာပဲ
ဖြစ်ပါတယ်။

လောကီ လွတ်လပ်မှုကို တည်ဆောက်ပြီး လွတ်လပ်ငြိမ်းချမ်းမှု ရမှ လောကုတ္တရာ လွတ်လပ်
မှုကို လွတ်လပ် ပေါ့ပါးစွာ ရှာဖွေနိုင်မှာ ဖြစ်လို့ ကျန်ရှိနေတဲ့ လူ့ဘဝ သက်တမ်းလေးတွေမှာ
အေးချမ်း လွတ်လပ်စွာနဲ့ လောကီ လွတ်လပ်မှုကနေ လောကုတ္တရာ လွတ်လပ်မှု အထိကို
အသိဉာဏ်ရှိနဲ့ ပေးစွမ်းနိုင်ကြခြင်းဖြင့် တဆင့်ခြင်း တက်ယူနိုင်ကြပါစေ။ 

 (ဂမိက ဝနဝါသီ အရှင်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...