သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, December 29, 2013

PostHeaderIcon နားလည် စာနာပေးခြင်း၏… အား



 နားလည် စာနာပေးခြင်း၏… အား
***********************
လူဆိုတာ တယောက်တည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။
အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေ
ရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရ ဖြစ်မှုတွေ ရှိနိုင်ပါ
တယ်။ ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတခုနဲ့တခု အကြား၊ မိဘနဲ့သားသမီး အကြား၊ ဆရာနဲ့
တပည့်အကြား၊ လင်မယားနှစ်ယောက်အကြား၊ သူငယ်ချင်းနှစ်ယောက် အကြားမှာ
ထားသင့် ထားအပ်တဲ့ အတွေးတခုကို ပေးပါလိမ့်မယ်။
*********************
တခါတုန်းက… အလင်းမရှိပဲ မှောင်နေတဲ့ အခန်းတခန်းထဲမှာ ဖယောင်းတိုင်ကလေး(၅)တိုင်

ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်း ကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင်(၅)တိုင်ရဲ့ အလင်း
အားကြောင့် မှောင်မည်းနေတဲ့ အခန်းဟာ လင်းထိန်နေတော့တယ်။
 
ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တခါတခါမှာ လေဟာ ပြင်းသွားလိုက်၊
တခါတခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။ လေတချက်အဝေ့မှာ ဖယောင်းတိုင်လေး တတိုင်
မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား နည်းနည်း လျော့သွားတယ်။ အဲဒီဖယောင်းတိုင်
လေးကို*အချစ်*လို့ နာမည်ပေးကြည့်ရအောင်။ ''အချစ်ဆိုတဲ့ အလင်း အားလေး”လျော့
သွားတော့ အခန်းဟာ နည်းနည်းလေး မှောင်သွားတယ်။
 
နောက်ထပ် လေအဝေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ 

ဖယောင်းတိုင်လေးကို *သံယောဇဉ်* လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ 
'အချစ်'ဆိုတဲ့ အလင်းရောင်ရယ်၊''သံယောဇဉ်''ဆိုတဲ့ အလင်းရောင်ရယ် မရှိတော့ဘူး။
အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။
ဒီလိုနဲ့ နောက်ထပ် ''လေတစ်ချက်''အဝေ့မှာ တတိယ ဖယောင်းတိုင်လေး ငြိမ်းသွားပြန်

တယ်။ အဲဒီဖယောင်းတိုင်လေးကို *မေတ္တာတရား*လို့ နာမည်ပေးကြည့်ရအောင်။
ဒီလိုပဲ… နောက်ထပ် လေအဝေ့ တချက်မှာ စတုတ္ထ ဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။

ဒီဖယောင်းတိုင်လေးကိုတော့ *ကရုဏာ တရား*လို့ နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅)တိုင် အလင်းအား ရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင် (၁)တိုင်မျှသာ

အလင်းအား ရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ မီးညွန့်
ကလေး ငြိမ်းသွားခဲ့ရင် ဒီတခန်းလုံး မှောင်မည်းသွားတော့မှာပါပဲ။

ဖြစ်ချင်တော့ ဒီအချိန်မှာ အခန်းထဲကို လူတယောက် ရောက်လာတယ်။
''အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေး တတိုင် 
လင်းနေသေးလို့''
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။ အလင်းရောင်

မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို တွေ့သွားတယ်။ ချက်ချင်းဆို
သလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့မီးညွန့်ကို ကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်း
တိုင်လေးတွေကို မီးကူးပေးလိုက်တယ်။
ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။
******************
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံး ကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့ နာမည်ပေးကြည့်ကြရအောင်။
စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။ ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။
ကျွန်တော်က နောက်ဆုံး ဖယောင်းတိုင်လေးရဲ့နာမည်ကို ''နားလည်ပေးမှု၊ စာနာပေးမှု
ဖယောင်းတိုင်''လို့ နာမည်ပေးထားတယ်။
+++   +++  +++  +++
တွေးကြည့်ရအောင်။
လူတယောက်နဲ့တယောက် အကြားမှာ''နားလည်ပေးမှု၊ စာနာပေးမှု''ဆိုတဲ့ အလင်းအား ရှိတဲ့
ဖယောင်းတိုင်လေးသာ ရှိနေသေးရင်*အချစ်*ဆိုတာ ပြန်ဖြစ်နိုင်တယ်။ *သံယောဇဉ်*
ဆိုတာ ပြန်ဖြစ်နိုင်တယ်။ *မေတ္တာတရား၊ ကရုဏာတရား*တွေ ပြန်ဖြစ်နိုင်တယ်။
''နားလည်ပေးမှု၊စာနာပေးမှု''ဆိုတဲ့ ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… 
အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊
ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။
လူ့ဘဝရဲ့အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊ မောင်နှမနှစ်ယောက်

အကြားမှာ၊ လင်မယားနှစ်ယောက် အကြားမှာ၊ အဖွဲ့အစည်းတခုနဲ့တခု အကြားမှာ
''နားလည်ပေးမှု၊ စာနာပေးမှု''ဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ် ထင်ပါတယ်။
ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင် လူမှုဆက်ဆံရေးရဲ့ပျော်စရာကောင်းတဲ့
သဘာဝကို ခံစား နားလည်နိုင်တော့မှာ မဟုတ်ပါဘူး။
 
ချစ်သူနှစ်ယောက်အကြားမှာ “နားလည်ပေးမနဲ့ စာနာပေးမှု’’ ရှိရင် ပျော်စရာ 

သိပ်ကောင်းမှာပဲ။ မိဘအပေါ်မှာ နားလည်ပေးတတ်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်
ရတဲ့ မိသားစုဟာ ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတတ်တဲ့၊ စာနာပေးတက်တဲ့
မိဘတွေရဲ့သားသမီးဖြစ်ခွင့် ရရင်လည်း ပျော်စရာပါပဲနော်။
 
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ

ပျော်စရာပဲလို့ ခံစားမိမှာပါ။ အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့
အစည်းတွေသာ ကျွန်တော်တို့ ဝန်းကျင်းမှာ ရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောက
ကြီးဟာ ဒီထက်ပိုပြီး သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။
ပျော်စရာလည်း ကောင်းလာပါမယ်။
 
ဒါကြောင့် ဘယ်နေရာမှာ မဆို ''နားလည်ပေးမှုနဲ့ စာနာပေးမှု''များ
အပြန်အလှန် ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်…
“နားလည်ပေးမှုနဲ့ စာနာပေးမှု’’ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
“နားလည်ပေးမှုနဲ့ စာနာပေးမှု”ကို အခွင့်ကောင်း မယူသင့်ဘူး။
“နားလည်ပေးမှုနဲ့ စာနာပေးမှု’’ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။

စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့နာမည်ကို ဘယ်လိုများ
မှည့်ခေါ်ချင်ပါသလဲ။

ဒီပုံပြင်လေးကို ဖတ်ပြီး….
ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေရဲ့ကြားမှာ

နားလည်ပေးမှုနဲ့ စာနာပေးမှု ဆိုတဲ့ အလင်းရောင်ကလေးနဲ့ အချစ်တွေ၊ သံယောဇဉ်တွေ၊
မေတ္တာတရားတွေ၊ ကရုဏာတရားတွေ ပြန်ပြီး ရှင်သန် ထွန်းလင်းနိုင်ကြပါစေလို့
ဆန္ဒပြုလိုက်ပါတယ်။
Fb မှ… 
အချင်းချင်း ယုံကြည်မှုလေးများကို အရင်းခံပြီး နားလည် စာနာမှုများ ထားရှိကြမှသာ
ဘဝရဲ့အေးချမ်းသာယာမှုကို ရရှိနိုင်လိမ့်မယ်ဆိုတာ ယုံကြည်မိသည်။
(တိုးတိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...