သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, December 30, 2013

PostHeaderIcon မှတ်သားစရာ စကားပုံများ

 
မှတ်သားစရာ စကားပုံများ
******************
ကျွမ်းကျင်ရာ လိမ္မာ။ စာအုပ်စာပေ လူမိတ်ဆွေ။
ဆရာများ သားသေ။ ဆရာထက်တပည့် လက်စောင်းထက်
ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး
ပညာကားရှေ့။ ဥစ္စာကားနောက်
ပညာမြင့်မှ လူမျိုးတင့်။ ပညာရှိ တွေးကြည့်က ပြေးကြည့်တာထက်မှန်
ပညာရှာ မာန်သာ နှိမ့်ချထား။ ပညာရဲရင့် ပွဲလည်တင့်
ပညာရှိ သတိဖြစ်ခဲ။ ပညာရှိအမျက် ပြင်မထွက်
ပညာရွှေအိုး လူမခိုး။ ပန်းထိမ်မတတ်ခင် ရွှေခိုးသင်
ပုံမဟုတ် ပါဌ်မဟုတ်။ မေးပါများ စကားရ။ မေးဖန်များ စကားရ
မမှားသောရှေ့နေ မသေသောဆေးသမား။
မရှိတာထက် မသိတာခက်။ မသိလျှင် မေး မစင်လျှင် ဆေး
မသိသူကျော်သွား သိသူဖေါ်စား။ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ
လက်နှင့်ရေး ခြေနှင့်ဖျက်။ လိုလျှင်ကြံဆ နည်းလမ်းရ
ဝိနည်းတတ် ကြက်သတ်။ ဝမရှိပဲ ဝိမလုပ်နဲ့
သက်ကြီးစကား သက်ငယ်ကြား။ သတိတမန် ဉာဏ်မြေကတုတ်
ပညာစွမ်း ချွန်းကဲ့သို့အုပ်။ သိသာသိစေ မမြင်စေနှင့်
အကြံကောင်းတချက် အနေကောင်းတသက်။ အကြံတူ နောက်လူ ကောင်းစမြဲ
အကြံတူ ရန်သူ။ အချိန်ရှိခိုက် လုံ့လစိုက်
အစကောင်းမှ အနှောင်းသေချာ။ အတတ်ကျူး ဘီလူးဖြစ်
အတုမြင် အတတ်သင်။ အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ
အဖထက် သားတလကြီး။ အဖေခါးကုန်း သားစားတုန်း
အရင်းစစ် အမြစ်မြေက၊ အလိမ္မာစာမှာရှိသည်။
အသက် ဉာဏ်စောင့်၊ ဥစ္စာ ကံစောင့်။ အသက်မွေးမှု၊ တခုပညာ၊ ကိုယ်စီပါ
ကလေးငယ်များ အမေးအမြန်းထူခြင်းသည် သူ့ဘာသာ
ပညာသင်ကြားနေခြင်းဖြစ်ပါသည်။

 (စုဆောင်း-တိုးတိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...