သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, December 26, 2013

PostHeaderIcon မြို့တော်

 
မြို့တော်
 *****  
ကျောကုန်းပေါ် မျှော့ကြီးတွေ သွေးစုပ်နေပုံ တရွရွ
အဓိပ္ပါယ် အနည်းအများလိုက်
သွေးတိုးနေပုံချင်းတော့ မတူညီကြဘူး။

ရင်အုပ်ကျဉ်းကျဉ်းမှာ
ယာဉ်တွေက မတရားဖွံ့ထွားနေတော့
သတိလစ်မသွားဖို့ နှလုံးသွင်းရတယ်။

ဆိုင်တွေက သီချင်းတွေနဲ့ လင်းနေ
ဆက်လျှောက်လိုက် ရပ်နားထောင်လိုက်
ဒါပဲတတ်နိုင်။

ကိုယ်ထည်ပြည့်ပြည့် ကိလေသာပြည့်ပြည့်
အရည်အသွေးပိရိသော ရနံ့များ ဝေ့ဝေ့ဝဲဝဲ
လမ်းမပေါ် ပန်းပွင့်တွေ ထုတ်လုပ်နေပုံ အနေခက်။

တောကြည့်တောင်ကြည့်အပေါ်
အသိမိတ်ဆွေ လာဖွဲ့မယ့် ဘရိတ်ဓားတချောင်းကို
မျက်ချည်ဖြတ် စောင်းထွက်ခဲ့ရပုံမှာ ချွေးတစို့စို့။

အဲ့ဒီမှာ...တအိမ်တက် တအိမ်ဆင်း
အစာအိမ် သီချင်းကြမ်းကို ရောင်းဖို့
လမ်းတောင်းနေတဲ့ ကျောင်းနေဖက်တွေကို တွေ့တယ်။

လမ်းမပေါ် လွတ်ကျသွားတဲ့ သီချင်း
မျက်စေ့တဆုံး လိုက်ကြည့်ရင်း
ညနေစောင်းသွားမယ့် သူတွေကို တွေ့တယ်။

မွန်းတည့် ၁၂ နာရီဟာ
ကမ္ဘာပျက်ဖို့ အကောင်းဆုံးအချိန်ပဲလို့ တွေးမဆုံးခင်
ကျဲကျဲတောက် ပေါက်ကျနေတဲ့ ငွေဒင်္ဂါးစတွေပေါ်
အနှေးပြ လျှောက်သွားတဲ့ ချစ်သူစုံတွဲကို တွေ့တယ်။

မြို့ကတော့
ပျံလွှားငှက်တွေရဲ့ ခြေရာအတိုင်းပါပဲ
ရှုပ်ထွေးဗြောင်းဆန်မှုတွေကြား
ဘောလုံးပွဲဆက်ကြည့်ရင် ကောင်းမလား စဉ်းစားမိ။

မြို့ပေါ်ဖြတ် အန်ချ စီးဆင်းနေတဲ့ မြစ်ထဲ
မည်းပျစ်ပျစ် သွေးစသွေးန တချို့ပါလာမှ
မှင်သေသေ နေ့တနေ့ရဲ့ ယန္တရားပေါ်
ချွေးတလုံးလုံး ကြီးပြင်းမိတာကို ရယ်ချင်မိ၊
စာအုပ်ပုံတွေကြားက ချစ်သူကို ပြောပြရမယ်၊
ရထားကို ဆွဲထုတ်လိုက်တော့ ည ၇ နာရီတိတိ။

(ခရမ်းပြာ ထက်လူ)
၉၇ ၊ ရုပ်ရှင်တေးကဗျာ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...