သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, December 29, 2013

PostHeaderIcon ကျောင်းသား လူငယ်တွေ



 ကျောင်းသား လူငယ်တွေ -၅
(ဈေးကွက် ဂျာနယ်)
******************
အရင်တပတ်က ငါတို့ရဲ့တက္ကသိုလ်ဟာ ကျက္ကသိုလ်ဖြစ်လာခဲ့ကြောင်း အကျဉ်းသဘော

လောက်ကို တင်ပြခဲ့တယ်။ ဘာကြောင့် တက္ကသိုလ်ဘဝက ကျက္ကသိုလ်ဖြစ်လာခဲ့ကြောင်း
ကိုလည်း မိတ်ဆက်သဘော ပြောပြခဲ့ပါတယ်။ အဲဒါတွေကို အရင်းအမြစ် စစ်လိုက်တော့ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်လာခဲ့ကြောင်း ဆက်ပြီး ပြောလိုက်ချင်ပါသေးတယ်။ ဒီလို
နိင်ငံရေး စကားလုံးတွေကို သုံးစွဲလိုက်တဲ့အတွက်ကြောင့် မျိုးဆက်သစ် စာရေးဆရာကြီး ဦးအောင်သင်းက နိုင်ငံရေးလှုံ့ဆော်သံတွေ ရေးလာပြီလို့ မထင်စေချင်ဘူး။
ငါပြောနေတာ၊ ရေးနေတာ ပညာရေး ကြွေးကြာ်သံ သက်သက်ပါ။ ဆက်ပြီး ဖတ်ကြည့်ရင်
မင်းတို့ သိပါလိမ့်မယ်။

ငါဟာ နိုင်ငံရေးလောက၊ နိုင်ငံရေး သဘောတရားလောက၊ နိုင်ငံရေးအာဏာ လောကတွေ

ထဲမှာ ကျင်လည်ခဲ့ဖူးကြောင်း သရက်ထောင် ဖောက်ခဲ့စဉ်က ဆိုတဲ့ စာအုပ်တအုပ်နဲ့ပဲ သိ
လောက်ပါတယ်။ ဒါပေမယ့် ပညာရေးလောက၊ ပညာရေး သဘောတရားဘက်ကို ငါ့ နှလုံး
သား ဝိညာဉ်တွေက လုံးဝ ကူးပြောင်းသွားခဲ့တယ်။ ကုန်ကုန်ပြောရရင် ပညာရေးလောကရဲ့
အထက်မှာ ဘယ်နိုင်ငံရေး အာဏာရှင်မှ မရှိစေရဘူး။

ပညာရေးကို ပညာရှင်ကြီးများရဲ့ အစုအဝေးကသာလျှင် ကြိုးကိုင် စီမံခန့်ခွဲသင့်တယ်။
ဘယ်နိုင်ငံရေး အာဏာရှင်ကမှ လွှမ်းမိုးခြင်း မပြုသင့်ဘူး။ ဘယ်နိုင်ငံရေး အာဏာရှင်မှ ပညာရေးလမ်းကြောင်း၊ ပညာသင်ကြားရေးစနစ် လမ်းကြောင်းကို သြဇာ မပြုသင့်ဘူး။
ပညာသင်ကြားမှု၊ ပညာရေးသဘောတရား တီထွင်ကြံဆမှု စတဲ့ ပညာရေးကိစ္စအရပ်ရပ်မှာ ဘယ်နိုင်ငံရေးပါတီ အဖွဲ့အစည်းကမှ သြဇာမပေးသင့်ဘူး။ အချုပ်ကိုပြောရရင် ပညာရေး
လွတ်လပ်ခွင့်ကို ဘယ်အာဏာရှင်ကမှ လွှမ်းမိုးချုပ်ကိုင်ခြင်း မပြုသင့်ဘူး။
အဲဒီလို ယုံကြည်လာတယ်။

အဲဒီကနေတဆင့် စဉ်းစားလိုက်တော့ မြန်မာတို့ရဲ့ ရှေးခေတ်ပဒေသရာဇ်စနစ်ကု

ပြန်ပြီး သုံးသပ်မိပြန်တယ်။ မင်းတို့ သိကြတဲ့အတိုင်း ငါတို့ ရှေးခေတ် ပဒေသရာဇ်
စနစ်မှာ ရှင်ဘုရင်ဟာ ထိပ်ကရှိနေတယ်။ သူ့ကို လောကသမ္မုတိနတ် လောက၏
ကိုးကွယ်ရာ၊ လူသားတရပ်လုံး၏ ကိုးကွယ်ရာ အထွတ်အထိပ်လို့သတ်မှတ်ကြတယ်။
အဓိပ္ပာယ်ကတော့ ရှင်ဘုရင်သည်သာလျှင် ထိပ်ဆုံး၊ သူ့ထက်မြင့်တာ လောကမှာ
ဘာမှ မရှိတော့ဘူး။

အဲဒီလောက်ထိ ရှင်ဘုရင်ရဲ့အာဏာကြီးမားခဲ့တယ်။ အသက်ဦး ဆံပိုင်လို့ ခေါ်ကြတယ်။ အဲဒီ စကားရပ်ကလေးကိုလည်း ရှင်းလိုက်ချင်သေးတယ်။ ရှေးခေတ်က မြန်မာတွေဟာ ဆံပင်

ဦးသျှောင်ကို အလွန်မြတ်နိုး တန်ဖိုးထားကြတယ်။လူတယောက်က အခြားတယောက်ရဲ့
ဦးသျှောင်ကို သွားပြီး ဆွဲလိုက်တယ် ဆိုပါစို့။ ဦးသျှောင် အဆွဲခံရသူက ဆွဲသူကို ဓားနဲ့ပန်
ခုတ် သတ်လိုက်ရင် ခုတ်သူမှာ အပြစ်မရှိဘူး။ ဦးသျှောင် ဆွဲသူသာလျှင် အပြစ်ဖြစ်တယ်။
အဲဒီလောက်ထိအောင် ဆံဦးသျှောင်ကို တန်ဖိုးထားကြတယ်။ မြတ်နိုးကြတယ်။
 
ဒါပေမယ့် ရှင်ဘုရင်ရဲ့အမိန့်တော်နဲ့ ဆင့်ခေါ် ဖမ်းဆီးရင် အဲဒီတရားခံရဲ့ ဦးသျှောင်ကို ဆွဲပြီး

(သျှောင်ထုံးကို ဆွဲပြီး) ဖမ်းဆီးပိုင်ခွင့်ရှိတယ်။ ဒါကြောင့် ရှင်ဘုရင်သည် သာမန် တိုင်းသူ
ပြည်သားတို့ရဲ့အသက်လည်းပိုင်သော၊ ဆံပင်သျှောင်ထုံးကိုလည်းပိုင်သော အရှင်ဧကရာဇ်
လို သတ်မှတ်ခဲ့ကြတယ်။ ဒါကြောင့် အသက်ဦးဆံပိုင်လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့ကြတာပေါ့။

အဲဒီလောက်ထိအောင် နိုင်ငံရေးအာဏာကြီးလှတဲ့ ဧကရာဇ်တွေတောင်မှ ပညာရေးမှာ

လွှမ်းမိုးခွင့် မရှိခဲ့ဘူး။ ပညာရေးကို ချုပ်ကိုင်ထားတာက သာသနာပိုင် ဆရာတော်ကြီးများ
သာလျှင်ဖစ်တယ်။ အဲဒီဆရာတော်ကြီးတွေကို ရာဇာဘိရာဇဂုရု မင်းဧကရာဇ်တို့၏ ဆရာလို့ သတ်မှတ်ခဲ့ကြတယ်။ အဲဒီလောက်ထိအောင် ပညာရေး လွတ်လပ်ခွင့်ရှိခဲ့တယ်။

ဒီထက်ပိုလွန်ပြီး ပြောလိုက်ရရင် ရှေးခေတ်ပုံပြင် ဝတ္ထုတွေမှာပါတဲ့ ဒိသာပါမောက္ခ ကြီးမှူးတဲ့ တက္ကသိုလ်ဆိုတာ မင်းကြားဖူးမှာပေါ့။ တက္ကသိုလ်ဆိုတာ တက္ကသီလာ-ကြံစည်တွေးတော+ အလေ့အထရှိသောသူတို့ ပျော်မွေ့ရာ အရပ်မျက်နှာအားလုံးတို့၏ ဆရာ(ဒိသာပါမောက္ခ)တို့၏

အာဏာ သြဇာတည်ရာ ဖြစ်တယ်။ ဘယ်ရှင်ဘုရင် ဘယ်ဧကရာဇ်ကမှ သြဇာပေးရာ အာဏာ
လွှမ်းမိုးရာ မဖြစ်ခဲ့ဘူး။
 
ဒါပေမယ့် ငါတို့ရဲ့(မင်းတို့ ငါတို့ရဲ့အားထားကြည်ညိုရာ) ရန်ကုန်ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ကြီးဟာ ကမာရွတ်မြို့နယ် ပါတီကောင်စီရဲ့လက်အောက်ကို ရောက်မှန်းမသိ ရောက်သွားခဲ့တယ်။

ဒီနေရာမှာ ငါ့စိတ်ထဲမှာ ထည့်လိုက်ချင်တဲ့ စကားလုံး တလုံးရှိတယ်။ အားနာစွာနဲ့ပဲ
ရေရွတ်လိုက်ပါစေ။ ထွီ!။
ေေေေေေ-ကောင်းပါတယ်။ ဘာ ကောင်းတာလဲလို့ မေးလို့ရှိရင် ရွံဖို့ကောင်းတာ၊
စက်ဆုပ်ဖို့ ကောင်းတာပါပဲ။ ဆက်ကြသေးတာပေါ့။
(အောင်သင်း)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...