သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, December 28, 2013

PostHeaderIcon “သူနာပြု ဘုရား”

 “သူနာပြု ဘုရား”
*************
ကိုယ်ရိပ် သဏ္ဍန်၊ ညီ အာနန်နှင့်
မြတ်မွန် ထွဋ်ထား၊ တို့ ဘုရားသည်
တပါး သောခါ၊ ဒေသစာဖြင့်
တိုက်တာ လှည့်၍ ကြည့်သတည်း။

ကျီးသံ သဲသဲ၊ ယင် မဲမဲနှင့်
မွဲပြာ ညစ်ရောင်၊ ကျောင်းတဆောင်ကို
ဘုန်းခေါင် ဘုရား၊ ဝင်၍ သွားသော်
သနား စဖွယ်၊ ကျောင်းအလယ်၌
ကျင်ငယ် ကျင်ကြီး၊ တင်းကြမ်း စီးလျက်
ကိုယ်ထီး လျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာ တွေ့ရပါသတည်း။

အမိသည် သား၊ ပြုသောလားသို့
ဘုရား မြတ်မွန်၊ ညီ အာနန်ကို
ချိုးရန် ရေကောင်း၊ စောင်ပါ တောင်းလျက်
သွန်းလောင်း သုတ်သင်၊ ပြီးစီးလျှင်မူ
ခေါင်းတွင် ဘုရား၊ လက်တော်ထား၍
ညီဘွား ခြေက၊ ပြိုင်တူ မ,လျက်
မြတ်လှနေရာ၊ ညောင်စောင်းသာတွင်
ကောင်းစွာ အိပ်စေ တင်သတည်း။

ထို့နောက် ရှင်တော်၊ စည်းဝေးခေါ်၍
မြွက်ဖော် စကား၊ မိန့်တော်ကြား၏
မိခြား ဖဝေး၊ တရပ်ကျေးတွင်
ချိုအေး ကြည်သာ၊ တရားရှာသည်
များစွာအပေါင်း၊ ရဟန်းကောင်းတို့
ညံ့ပျောင်း ကြည်ဖြူ၊ နာသောသူကို
ငါ့တူ ကြင်နာ၊ ပြုစုပါက
မြတ်ရာ ရောက်လိမ့် ဧကန်တည်း။

မင်းသုဝဏ်
ပန်းချီ kyaw phyu san

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...