သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, December 30, 2013

PostHeaderIcon "ကံ"ဆိုတာ ရှိတယ်... တဲ့



 "ကံ"ဆိုတာ ရှိတယ်
*********************
ဒီစကားက ဗုဒ္ဓဘာသာကတင် ပြောတာ မဟုတ်တော့ပါဘူး။ အင်္ဂလန်၊ Hertfordshire
တက္ကသိုလ်၊ စိတ်ပညာ ပါမောက္ခ ဒေါက်တာ Richard Wiseman က ရှင်းပြ မရတဲ
ကိစ္စတွေဟာ ကံနဲ့ပဲ ရှင်းလို့ရတယ်ဆိုတာ လက်တွေ့ပသခဲ့တယ်။
ဒီလိုပါ။ သူရွေးချယ်ထားတဲ့ လူတွေအားလုံးဟာ ထိပ်တန်း "အေ" အဆင့် ရှိသူတွေချည်းပဲ။


၁။ အားလုံးဟာ အရည်အချင်းရှိကြသလို အခွင့်အလမ်းတွ့ရင်လည်း အခွင့်အလမ်းမှန်း
သိကြတယ်။
၂။ သင်ထားတဲ့ ပညာရပ်တွေနဲ့ မဆိုင်ရင်တောင် အကျိုးရှိမယ့် အလုပ်တွေဆိုရင် စိတ်ထဲက

အလိုလို ခံစားသိ သိနေတတ်ကြတယ်။
၃။ အကောင်းမြင်ဘက်က ကြည့်တတ်ပြီး ရည်မှန်းချက် ပေါက်မြောက်အောင်လည်း စွမ်း

ဆောင်နိုင်ကြတယ်။
၎။ မှားမှန်းသိရင်လည်း ချက်ချင်းပြင်တတ်တဲ့ (ခေါင်းမမာတဲ့) လူတွေလည်း ဖြစ်ကြတယ်။

ဒီလို အရည်အချင်းတွေ အားလုံး ပိုင်ဆိုင်နေကြတာချင်း တူရင် အချိန်လေး လက်တသစ်
လောက် အသာစီးရသူက ထိပ်ရောက်သွားတတ်တယ်။
ဒီနေရာမှာ ရှင်းပြရခက်တဲ့ "ကံ"ဆိုတဲ့ကိစ္စ ဝင်လာတယ်ဆိုတာကို သူက သုတေသနဆန်ဆန်

ရှင်းပြတယ်။

သူ့ သုတေသနက ဒီလိုပါ...
သူတို့အားလုံးရဲ့ စားပွဲပေါ်မှာ သတင်းစာရှိတယ်။
သူတို့ ဖြေရမယ့် ပထမ မေးခွန်းက "သတင်းစာထဲမှာ ဓာတ်ပုံ ဘယ်နှစ်ပုံ ပါသလဲ၊
ရေတွက်ခဲ့ပါ"တဲ့။
သိပ်လည်းမကြာ၊ ရေတွက်ရတာလည်း မခက်ဆိုတော့ တော်တော်များများက ရေတွက်
ကြတယ်။ ဒေါက်တာ Richard Wiseman ကတော့ ဒီအုပ်စုကို ကံဆိုးတဲ့ အုပ်စုလို့
ခေါ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သတင်းစာရဲ့ဒုတိယစာမျက်နှာမှာ ရေးထားတာက
(စာလုံးမည်းကြီးနဲ့တော့ မဟုတ်ဘူး)
"Stop counting,There are 43 photos in this newspaper." တဲ့။

လူတော်တွေထဲမှာ ''ကံ'' သိပ်ကောင်းတဲ့ လူအနည်းငယ်ပဲ အဲဒီ စာကြောင်းလေးကို တွေ့ပြီး

မြန်မြန်နဲ့ အတိအကျ ဖြေဆိုနိုင်တယ်တဲ့။
ဘွဲ့ရအတူ၊ တက္ကသိုလ် အတူ၊ ကျောင်းပြီးနှစ် အတူ၊ အမှတ်တူတွေ အလုပ်လည်း လုပ်ကြ
ရော လစာ မတူ၊ ရာထူးမတူတာတွေဟာ ကံကြောင့်ပါပဲ။
ဒေါက်တာ Richard Wiseman အဆိုအရ "Stop counting,There are 43 photos in
this newspaper." ကို မတွေ့မိကြသူတွေပေါ့။
ကံကောင်းကြပါစေ(သို့)
" Stop counting, There are 43 photos in this newspaper."ကို
အရင်တွေ့မိကြပါစေ။
(ဇင်ဝေသော်)

တဆက်တည်းပဲ...ကံချင်း မတူကြတာကတော့ ပြောစရာတွေ အပုံအပင်ပါပဲ။
အတန်းချင်းလဲတူ၊ လူရဲ့အင်္ဂါလက္ခဏာရပ် အားလုံးလဲတူကြပြီး စာပေပဲဖြစ်ဖြစ်၊ ပညာရပ်
တခုပဲဖြစ်ဖြစ် အတူတူ လေ့လာသင်ယူတဲ့အခါမှာ မှတ်ဉာဏ်ကောင်းသူနဲ့ မကောင်းသူ၊ တတ်မြောက်မှု နှေးသူနဲ့ မြန်သူ၊ ခွန်အားပြုပြီး ပြေးလွှားတဲ့ နေရာမှာလဲ အတူတူပါပဲ။
ကြိုးစား အားထုတ်မှု ဝီရိယချင်း လုပ်ချိန်ချင်း အတူတူဖြစ်ပါလျှက် ဘာကြောင့် ကွဲပြား ကွာခြားမှုတွေ ဖြစ်နေရသလဲဆိုရင် အတိတ်က ကံအကျိုးပေး အားနည်းမှုကြောင့်
ပဲဖြစ်ပါတယ်။

ကံဆိုးတယ်။ ကံကောင်းတယ်ဆိုတာများကိုလည်း ဒီ အတိတ်ကံကိုပဲ ရည်ရွယ်ပြီး ဆိုထား
တာပါ။ လူချင်း အားလုံး တူနေကြပါလျှက် အသံကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ၊ ရုပ်လှ
တဲ့သူနဲ့ မလှတဲ့သူ၊ အတိုအရှည် အနိမ့်အမြင့် စသည်စသည် မတူကြတာဟာ ရှေးရှေး
အတိတ်က မိမိလုပ်ခဲ့ အားထုတ်ခဲ့တဲ့ ကံချင်း မတူကြလို့သာပဲ ကွဲပြားကုန်ကြတာပါ။

ဖန်ဆင်းရှင်က ဖန်တီးတာပါလို့ ဆိုရင်တော့ အဲဒီ ဖန်ဆင်းရှင်ဟာ လုံးဝ မတရားဘူး၊
တရား မမျှတဘူး၊ စိတ်ကောင်း မရှိဘူးလို့ ပြောရမှာပဲဖြစ်တယ်။ ဟုတ်တယ်လေ။
စိတ်ကောင်းရှိတဲ့ ဖန်ဆင်းရှင်ဆိုရင် အတူတူ မျှမျှတတဖြစ်အောင်၊ လူတိုင်း အေးချမ်း
သာယာ ချမ်းသာနေအောင် ဖန်ဆင်းသင့်တာပေါ့၊ မဟုတ်ဘူးလား။ ဖန်ဆင်းရှင်ရဲ့
အလိုကျ အတိုင်းဖြစ်နေတာ ဆိုရင်တော့...လောကမှာ...

ဆင်းရဲဒုက္ခရောက်နေကြရတာတွေ၊ တချို့ကိုတော့ ချမ်းသာစေပြီး တချို့ကြတော့ ဆင်းရဲ
နေရတာတွေ။ တချို့ကိုတော့ မြို့ကြီးများမှာ ထားပြီး တချို့ကြတော့ လယ်ထဲ တော
တောင်ထဲမှာ ဆင်းရဲပင်ပန်းစွာ လုပ်နေရအောင် ဖန်ဆင်းထားတာတွေ။ အကြပ်အတည်း
ဖြစ်နေရတာတွေ၊ လေမုန်တိုင်းတွေ၊ နှင်းမုန်တိုင်းတွေ၊ အပူလှိုင်း အအေးလှိုင်းတွေ၊ ငလျင်
ဒဏ်တွေ၊ မီးလောင်နေတာတွေ၊ ရေကြီးနေတာတွေ။ လုယက်သတ်ဖြတ် ညှင်းဆဲခြင်းတွေ
နဲ့ မုဒိန်းမှုတွေ၊ လူသားများကို နှိပ်စက်မယ့် အာဏာရှင်စနစ်တွေနဲ့ စစ်ပွဲတွေကိုတော့
ဖန်ဆင်းရှင်က ဖန်ဆင်း မပေးသင့်ဘူး မဟုတ်ပါလား။ ဒီလိုဖြစ်နေကြရတာ ဖန်ဆင်းရှင်
အလိုကျတွေလား။ ဒါတွေကို ဖန်ဆင်းထားတာဆိုရင် ဘယ်မှာ စိတ်ကောင်းရှိလို့လဲ။

ဒါတွေဟာ ဖန်ဆင်းရှင်ကြောင့်လား။ သဘာဝပတ်ဝန်းကျင်တွေကို မထိန်းသိမ်း မစောင့်
ရှောက်ကြတဲ့ လူတွေကြောင့်လား၊ ကိုယ်တိုင် အားထုတ်မှုနဲ့ ချို့ယွင်း ချက်တွေကြောင့်
ဖစ်တာလား။ ဖန်ဆင်းရှင်ရဲ့အလိုကျဖြစ်နေတာလား? ဆိုတာတွေကိုတော့ အသိစိတ်နဲ့
တွေးတော ဆင်ခြင်ဉာဏ်နဲ့ ခွဲခြား ကြည့်သင့်ကြတယ်။

ဒီလိုဖြစ်ရခြင်း အကြောင်းကိုလည်း မြတ်ဗုဒ္ဓက သုဘလုလင်ဆိုတဲ့ လူငယ်တယောက်က
မေးထားလို့ ဖြေဆိုထားခဲ့ဖူးတယ်။ ကံ အရင်းခံတဲ့ စိတ်ဥတု အာဟာရ ဆိုတဲ့ အကြောင်း တရား လေးပါးကြောင့် ဖြစ်နေကြရတာလို့ ဗုဒ္ဓက မိန့်မှာခဲ့ပါတယ်။
ဒါတွေကို အသေးစိပ် သိနိုင်ဖို့ရာမှာ ဗဟုသုတနဲ့ ဆင်ခြင်တွေးဆတတ်တဲ့ အသိဉာဏ်များစွာ လိုအပ်လှသလို ရှည်လျား ကျယ်ပြန့်လှပါတယ်။
နောင်များမှ ထပ်မံ၍ မျှပါဦးမည်။

(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...