သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, December 21, 2013

PostHeaderIcon ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ



သစ္စာရှိခြင်းသည် တရားမျှတမှုဖြစ်သည်။
အချိန်နဲ့ ကြိုးစားအားထုတ်မှုဟာ နေ့စဉ် အသိအမြင်သစ်ကို ပေးစွမ်းတယ်။
သင်၏ ကျေနပ်မှုရရှိစေရန်အတွက် စားပါ၊
အခြားသူများ ကျေနပ်မှုရရှိစေရန်အတွက် ဝတ်ဆင်ပါ။
ဘဝဟာ အဆွေးဇာတ်လမ်းတပုဒ်ဖြစ်တယ်။

သက်ရှိသတ္တဝါများအနက် လူသာလျှင် စိတ်ရဲ့ခံစားမှုများကို အလူးအလဲ
ခံစားတတ်ကြသဖြင့် ရယ်မောတတ်အောင် သဘာဝတရားက အတင်းအကြပ်
ဖန်တီးပေးထားတယ်။

ဘဝမှာ အဆင်မပြေသော အရာများကို တွေ့သောအခါ ရယ်မောခြင်းဖြင့်
ခွင့်လွှတ်နိုင်ပါစေ။
ခွင့်လွှတ်ရန် လွယ်ကူသော်လည်း မေ့ပစ်ရန်မှာ ခက်ခဲတယ်။
နှလုံးသားထဲ၌ အစွန်းထင်ခြင်းထက် မျက်နှာတွင် ရှက်သွေးဖြာခြင်းက
ပိုလို့ကောင်းပါတယ်။

ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တသွေမတိမ်း
လုပ်ဆောင်တတ်တယ်။
အိပ်စက်ခြင်းက ကောင်းတယ်၊ သေဆုံးခြင်းက ပို၍ ကောင်းတယ်၊ ထို့ထက်
အကောင်းဆုံးမှာ လုံးဝ မမွေးဖွားလာခြင်းပဲဖြစ်တယ်။
ခွင့်လွှတ်ခြင်းဟာ အောင်ပွဲများအနက် အမြင့်မြတ်ဆုံးသော အောင်ပွဲဖြစ်တယ်။
အလင်းရှိလျှင် အရိပ်ရှိမည်။ ထို့အတူ ဘဝရှိလျှင် အမှားရှိရမည်မှာ အမှန်ပင်ဖြစ်သည်။
နေအိမ်တိုင်းသည် တက္ကသိုလ်များဖြစ်ကြ၍ မိဘများသည် သင်ကြားသူ
ဆရာများဖြစ်ကြသည်။
အိမ်ဟူသည်မှာ နှလုံးသားရှိသောအရာပင်ဖြစ်သည်။
မျက်ရည်သည် သင်၏ ငြိမ်သက်သော ဘာသာရပ်ဖြစ်သည်။
အရှုံးနှင့် ရင်ဆိုင်ရသောအခါ၌ အနိုင်ရသူများ၏ အပြုအမူများကို အတုယူတတ်ပါစေ။
ပြောစရာရှိလျှင် ပြောပါ။ မပြောလို့ မမှားခြင်းထက် ပြောလို့မှားခြင်းက တော်သေးတယ်။
လူသာလျှင် စကားမှားနိုင်တယ်။ စကားမပြောတတ်တဲ့ တိရိစ္ဆာန်တွေဟာ
အဘယ်အချိန်မှ မမှားနိုင်ဘူး။ လူတွင် စကား မမှားဖူးတဲ့သူ မရှိ။

တိတ်တိတ်နေပါ။ ဒါမှမဟုတ်ရင်လည်း တိတ်တိတ်နေတာထက် ကောင်းတဲ့
စကားကို ပြောပါ။
ဥယျာဉ်မှူးအဖို့ ပန်းများကို ခင်မင်နှစ်သက်ပါသည်ဟု ဆိုရုံနှင့် မလုံလောက်သေးပါ။
ပေါင်းပင်များကိုလည်း မုန်းနေရဦးမည်။
သူတပါး၏ အပြစ်ကို သည်းခံပါ။ တပါးသူ၏ အမှားကို မိမိအမှားကဲ့သို့ သဘောထားပါ။
သည်းခံမှုနှင့် နားလည်မှုကို လက်ကိုင်ပြုလျှင် ဘဝတာသည် ရန်ငြိုးဖွဲ့ရန် အလွန်
တိုတောင်းလှ၏။ ထိုထက် သဘောထား သေးသိမ်ခြင်းနှင့် ကရုဏာကင်းမဲ့ခြင်းသည်
သာ၍ တိုတောင်းသည်။
ပူဆွေးမှုသည် တနာရီကို ဆယ်နာရီဟု ထင်မှတ်ရလေသည်။
ဆုံးရှုံးပြီးမှ တန်ဖိုးသိရသော အရာနှစ်ခုရှိသည်။ ၄င်းတို့မှာ ငယ်ရွယ်နုပျိုခြင်းနှင့်
ကျန်းမာခြင်းဖြစ်သည်။
သဘာဝတရား၊ အချိန်အခါနှင့် သည်းခံခြင်းတို့သည် ကြီးမြတ်သော သမားတော်ကြီး
သုံးပါးဖြစ်သည်။
ရေထဲက ငါးကို မျှော်နေရသည်ထက် အိမ်ပြန်၍ ပိုက်ကွန်ရက်လုပ်ခြင်းက
ပို၍ ကောင်းသည်။

(နွေနှင်းမိုး) 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...