သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, December 24, 2013

PostHeaderIcon ခေါင်းဆောင်တို့ ကျင့်စဉ် (၆)


ခေါင်းဆောင်တို့ ကျင့်စဉ် (၆)
*******************
နောက် နံပါတ် (၄) ဘာပါလိမ့်? ပညာပါဘုရား။

ပညာ- removing the ignorance-မိမိ နှလုံးသားထဲမှာ ဘာကို ဖယ်နိုင်ဖို့လဲ?၊
အဝိဇ္ဇာကို ဖယ်နိုင်ဖို့ လိုတယ်။ The darkness of delusion in life- ဘဝရဲ့
အမှောင်တွေကို အကုန်လုံး ဘာလုပ်ရမလဲ? ဖယ်ထား နိုင်ရမယ်။

This is right and this is wrong- မှားလား? မှန်လား? မသိတဲ့ အဲဒီအဝိဇ္ဇာတရားကို
ဖယ်ပစ်။ Understanding the true and understanding the reality- အရှိတရား
အမှန်တရားကို နားလည်အောင် လုပ်ကြ။
Seeing the realistic nature and reviewing the correct vision are

very important to make balanced decisions- သိပ်အရေးကြီးတယ်,
correct vision။
သမ္မာဒဿန မရှိသေးသမျှ ဘာဖြစ်လဲ? မှန်ကန်သော ဆုံးဖြတ်ချက်ကို မချနိုင်ဘူး။


အသိဉာဏ်က Clear vision-ရှင်းလင်းသော အသိဉာဏ်မရှိသေးသမျှ ဘာဖြစ်လဲ?
ဆုံးဖြတ်ချက်တွေ ဘာတွေ ချချ မမှန်နိုင်ဘူး။ မှားတဲ့ ဆုံးဖြတ်ချက် တခုကို ချလိုက်မိပြီ
ဆိုလို့ရှိရင် အဲဒါကို လုပ်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီဆုံးဖြတ်ချက် နောက်မှာ ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့
ဒုက္ခအစဉ်အဆက်ကြီးကတော့ အဆုံးသတ်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ပညာအရေးကြီး
ပါတယ်။

ဘုန်းကြီးတို့ မနေ့တနေ့က အမေရိကက ပြန်လာတော့ Barnes and Noble-ဆိုတဲ့ စာအုပ်
ဆိုင်ကို သွားပြီးတော့ ဘုန်းကြီးက စာအုပ်တွေကို သွားနေကြဆိုင်မှာ ဝင်ရှာတော့ စာအုပ်
ကြီး တအုပ် တွေ့တယ်။ ဗမာလို ပြောမယ် "ကမ္ဘာမှာ အဆိုးဝါးဆုံးသော ဆုံးဖြတ်ချက်ကြီး
များရဲ့သမိုင်း"ဆိုတဲ့ စာအုပ်ကြီး တအုပ်ကိုတွေ့တော့ ဘုန်းကြီးက ပျော်ပျော်ပါးပါးနဲ့
ဝယ်လာခဲ့တယ်။

ဘယ်ကစ ဆုံးဖြတ်ထားသလဲဆိုတော့ အာဒံနဲ့ဧဝတို့၊ အီဗရာဟင် တို့က စပြီးတော့ သူတို့
အဆုံးဖြတ်တွေကို မှားလို့ ဒီကနေ့ ကမ္ဘာကြီးမှာ the passion-ဆိုတဲ့ ရာဂတွေ တိုးပွား
နေတယ် ဆိုတဲ့အကြောင်း အဲဒီလူက ရေးထားတယ်။ ခရစ်ယာန်တွေကို သူကရေးထား
တယ်။ စာအုပ်က တော်တော် ကောင်းတယ်။ The history the words dicession of
the world- ဆိုတဲ့ စာအုပ် တအုပ်ရှိတယ်။

အဲဒါကြောင့် ဆုံးဖြတ်ချက်တခု ချတော့မယ် ဆိုရင် ဘာလိုလဲ?။ ပညာလိုတယ်။ ပညာမပါပဲ
ဆုံးဖြတ်ချက်ချတဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖို့ ခက်ခဲတယ်။

အဲဒါကြောင့် ဘုရားလောင်းရဲ့ပါရမီမှာ ဘာ Quality-လဲ? ပညာပါရမီ။
အားလုံး ဘုရားလောင်း ကျင့်စဉ်ကို ကျင့်ကြတဲ့ ဒီအမျိုးကောင်းသားတွေဟာ ပညာကို
လေ့လာကြပါ။

အဲတော့ ကျောင်းတက်မှ ပညာရမယ်လို့တော့ တဖက်သတ်ကြီး မမှတ်နဲ့။ ကျောင်းမတက်ပဲ
လည်း ပညာတွေ ရနိုင်ပါတယ်။ ဘုန်းကြီးတို့ နီတိမှာ စာတခုရှိတယ် "လောကော သတ္တာန-
မာစေရော။ The whole world is our teacher. လောကကြီးတခုလုံးဟာ ကျွန်ုပ်တို့ရဲ့
ဆရာသမား"။ နေ့စဉ် နေ့စဉ် မြင်နေကြတဲ့ အရာအကုန်လုံးက ကျွနိုပ်တို့ရဲ့ ဆရာသမားတွေ။
အဲဒါတွေ အားလုံးကို ယူသင့်တာ ယူထား၊ ဖယ်သင့်တာကို ဖယ်ထား။ အားလုံးဟာ ပညာပဲ။

Invaluable to decision makers။ Wisdom guided by awareness-သတိနဲ့
ထိန်းချုပ်ထားတဲ့ ပညာ။ is invaluable- အလွန်တရာ တန်ဖိုးကြီးမားတယ်။
ဘာတွေအတွက်လဲ? To decision makers-ဆုံးဖြတ်ချက် တခုကို ချချပေးမည့်
လူတွေအတွက် သတိနဲ့ ထိန်းချုပ်ထားသော ပညာသည် အလွန်တရာ တန်ဖိုး ကြီးပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ


သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...