သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, December 10, 2013

PostHeaderIcon ဆောင်းနေ့ အလွမ်း

 ဆောင်းနေ့ အလွမ်း
**************
(လှပသော ရေးဖွဲ့မှုပင်)
ဝင်းနေနီတျာ၊ သူရိယာဟု၊ ဖန်ဝါလှည့်လည်၊ ကြွမြန်းချီလျက်၊
ဥဒည်တောင်စွန်း၊ ယုဂန်ကျွန်းမှ၊ စက်ဝန်းပေါ်ထွက်၊ အရုဏ်တက်တွင်၊
နှစ်သက်စဖွယ်၊ လွန်တင့်တယ်သား၊ ရေးခြယ်ပြုပြင်၊ စုတ်ဆေးတင်သို့၊
ကောင်းကင်အာကာ၊ စိမ်းပြာဝါနှင့်၊ နီတျာဝင်းရီ၊ ဖျန်းရောင်ခြည်ကြောင့်၊
တိမ်နီတိမ်ဝါ၊ ငွေတိမ်ပြာတို့၊ မိလ္လာမြူခြေ၊ ပတ်လွှမ်းဝေသည်၊
နှင်းငွေရည်ဖြာ ဖျန်းသည့်ခါ။

နှင်းငွေရည်ဖြာ၊ ကမ္ဗလာသို့၊ အာကာဝေမှုံ၊ တသုံသုံနှင့်၊ မှိုင်းအုံလုလု၊
ငွေနှင်းဥကြောင့်၊ မေယုစက္ကိန်၊ အာဒေဝိန်ဟု၊ ရဝိန်လင်းလျှံ၊
မှိန်အောင်ဖန်၍၊ စက်ပျံဖန်ဒေါင်း၊ နှင်းငွေ့လောင်းသော်၊ သောင်းလောကဓာတ်၊
အထပ်ထပ်ကို၊ ရစ်ပတ်မှုန်ဝေ၊ မလင်းစေလျက်၊ တိမ်လေနှင်းမြူ၊
တလူလူတွင်၊ လွမ်းသူသက်ဝေ၊ ဆွေးမပြေသည်၊
ညှင်းလေသီတာ လွှမ်းသည့်ခါ။

ညှင်းလေသီတာ၊ ဟေမန္တာမို့၊ ဖြာဖြာယူသွေး၊ လေပြည်အေးသော်၊
ပူဆွေးမပြေ၊ ငယ်ကျွမ်းဆွေကို၊ သက်ဝေတတမ်း၊ နေ့တိုင်းလွမ်း၍၊
စခန်းသာစွ၊ ဝေးဌာနမှ၊ တမ်းတခါခါ၊ ပြန်ရွှေလွှာကို၊ စေရှာလိမ့်နိုး၊
မျှော်တကိုးလျက်၊ ဖော့ရိုးရွှေလည်၊ ကျိုးလုပြီထင့်၊ မဆည်ဗျာထု၊ သည်းကျွမ်းလုအောင်၊ ငွေဥမျက်ရည်၊ တွေးတိုင်းကြွေသည်၊
ဝင်းနေနီတျာ သန်းသည့်ခါ။

ကိုစောညိန်း (ဂီတနက်သန်)


(ဂီတနက်သန် ကိုစောညိန်း
ဆယ့်လေးနှစ်သား အရွယ်က ရေးသားခဲ့သော ရတုကဗျာဖြစ်ပါသည်။
အစညီ ၊အချညီ၊ ၂၁ပါဒ စီ၊)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...