သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, December 27, 2013

PostHeaderIcon ပညာရေးနဲ့ ပတ်သက်၍



 နိုင်ငံ အောက်တန်းကျသထက် ကျလာအောင် လုပ်မည့် စိတ်ဓာတ်
၁။ စားဝတ်နေရေး မပြည့်စုံခြင်း (ဆင်းရဲမွဲတေမှုများခြင်း)
၂။ အမျိုးသားရေး စိတ်ဓာတ် ခေါင်းပါးလာခြင်း၊(စာမဖတ်ခြင်း)
၃။ အမြင် ကျဉ်းမြောင်းခြင်း (ပညာမတတ်ခြင်း)
၎။ အသိဉာဏ် နည်းပါးခြင်း (စာမဖတ်ခြင်း)
၅။ စိတ်ဓာတ်၊ စည်းကမ်း ညံ့ဖျင်းလာခြင်း၊
၆။ အလုပ်အကိုင်၊ အခွင့်အလမ်း နည်းပါးခြင်း၊
၇။ လက်ရှိ ပညာရေးစနစ် တိုးတက်မှု မရှိခြင်း၊ နှေးကွေးခြင်း စသည့် အချက်များကို
ယေဘုယျ တွေ့မြင်နိုင်သည်။
(ပိုတာ၊ www.maukkha.org ၊ ၂၀၀၅)

ဆရာကျင့်ဝတ် ငါးဖြာ
(၁) ဆုံးမသင့်သော အရာကို ကောင်းစွာ ဆုံးမခြင်း
(၂) အတတ်ပညာကို ကောင်းစွာသင်ကြားပြသခြင်း
(၃) သင်ပြသင့်ရာကို အကုန်အစင် သင်ပြပေးခြင်း
(၄) ကောင်းသော မိတ်ဆွေ ဆရာသမားများထံ အပ်နှံပေးခြင်း
(၅) ဘေးရန်မြင်လျှင် ကြိုတင်ကာကွယ်ပေးခြင်း
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပ မချန်၊ ဘေးရန် ဆီးကာ၊
သင့်ရာ အပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ၊၊

ဆရာများ၏ ကျောင်းသားအပေါ် ရင့်သီး ရိုင်းစိုင်းမှု
ခွေးကောင်တွေ

စားပွဲကို ကြိမ်လုံးဖြင့် တဖြောင်းဖြောင်းနဲ့ ရိုက်တဲ့ အသံတွေ

တိတ်ကြစမ်း

ပေါက်လွတ်ပဲစားတွေ

မိ မဆုံးမ၊ ဖ မဆုံးမတွေ

သေရာပါ အမာရွတ် ထင်အောင် ရိုက်နှက်
ဒီလို ပညာရေးစနစ်ကြီး တခုအောက်မှာ ဖြတ်သန်းခဲ့ရပါတယ်။ အနှိမ်ခံရမှုတွေ၊
လူရာမဝင်မှုတွေ၊ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေ၊ ဘက်လိုက်မှုတွေ စတဲ့ ဆက်ဆံမှု
တွေကြောင့် မုန်းတီးမှုတွေ နာကျည်းမှုတွေ သိမ်ငယ်စိတ်တွေ ကြောက်ရွံ့စိတ်တွေ
ဒါတွေနဲ့ အသားကျစွာပဲ ကြီးပြင်းလာခဲ့တာပါ။

တပည့်ကျင့်ဝတ်ငါးဖြာ
(၁) ဆရာသမားများအား နေရာမှထ၍ ခရီးဦးကြိုဆိုခြင်း
(၂) ဆရာခေါ်လျှင် ရိုသေစွာချဉ်းကပ်နေထိုင်ခြင်း
(၃) ဆရာများ၏ ဆုံးမစကားကိုနာယူလိုက်နာခြင်း
(၄) လုပ်ကိုင်ပေးစရာရှိလျှင် ရိုသေစွာလုပ်ကိုင်ပေးခြင်း
(၅) စည်းကမ်းရှိရှိ ရိုသေစွာ အတတ်ပညာ သင်ယူုခြင်း
တပည့်ဝတ်ငါးပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ် မချွတ် ငါးခုသာ။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...