သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, December 1, 2013

PostHeaderIcon ကိုယ်သာလျှင် ကိုယ်ရဲ့အဖော်စစ်



 ကိုယ်သာလျှင် ကိုယ်ရဲ့အဖော်စစ်ပါ။
မိမိ ဘဝကို မိမိသာလျှင် ထိန်းကျောင်းသွားရမှာ ဖြစ်ပြီး မိမိ မကောင်းလျှင် မိမိသာလျှင် 
မကောင်းတဲ့ အကျိုးကို ခံစားရမှာပါ။ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်း၏ အဖော်ပြု
ပေးခြင်းသည် ခဏာတာဖြစ်ပြီး ကိုယ်လဲကျရင် ကိုယ့်ဘာသာပဲ ထူထရမှာ ဖြစ်ပါတယ်။

ဘဝမှာ တစုံတယောက်ကြောင့် ဘဝပျက်သွားရခြင်းသည် ရူးမိုက်ခြင်းဖြစ်ပြီး သူမရှိရင် မနေ
တတ်ပါဘူးဟု ဆိုခြင်းသည်လဲ စိတ်ကို အလိုလိုက်ခြင်းသာ ဖြစ်ပါတယ်။ လောက၌ ဖြစ်ပျက်
သမျှသည် သူ့သဘော သူဆောင်ခြင်းသာဖြစ်ပြီး အချိန်တန်လျှင် အရာအားလုံးကို ထားခဲ့ ခွဲ
ခွာခဲ့ရမည်ကို သတိပိုက်ဖို့ အင်မတန် လိုပါတယ်။

လူဖြစ်လာရတဲ့ တန်ဖိုး ကြီးမားပုံကို သိရမှာဖြစ်ပြီး တန်ဖိုးထားတတ်ဖို့ကိုလဲ ကြိုးစားရ
မှာ ဖြစ်ပါတယ်။ တိရိစ္ဆာန်လေးတွေရဲ့ အချုပ်နှောင်ထဲ နေရပုံ၊ အသိဉာဏ် မရှိပုံ၊ သနား
စရာကောင်းပုံတွေကို ကြည့်၍ မိမိ၏ လူဖြစ်ရခြင်း တန်ဖိုးတွေကို တွေးတတ်ရမှာဖြစ်ပြီး
တန်ဖိုးထားကာ တန်ဖိုးရှိအောင် နေတတ်ရမှာဖြစ်ပါတယ်။

လူရယ်လို့ မွေးဖွားလာထဲက လောကီကျေးဇူး၊ လောကုတ္တရာ ကျေးဇူးဆပ်ဖို့ တာဝန်နှစ်ရပ်
ရှိသည်ကို မမေ့ဖို့လိုပါတယ်။ လောကီတာဝန်သည် မိဘကျေးဇူးဆပ်ရမှာဖြစ်ပြီး လောကုတ္တ
ရာ တာဝန်သည် မြတ်ဗုဒ္ဓ၏ ကျေးဇူးကို ဆပ်ရမှာဖြစ်ပါသည်။ မိဘကျေးဇူး ဆပ်ဖို့ရာက
ကိုယ်နိုင်ရာ လုပ်ကျွေးပြုစုရမှာဖြစ်ပြီး၊ လောကုတ္တရာတာဝန်ဟာ သာသနာ့ဝန်ကို နိုင်ရာ
ဝင်ထမ်းပေးရမှာ ဖြစ်ပါတယ်။
(သာသနာရဲ့အဆုံးအများကို ကိုယ်တိုင်လည်း သိအောင်လုပ် အခြားသူများကိုလည်း
ဖြန့်ဝေရမှာပါ။)

အဆုံးအနေနဲ့ သာသနာနဲ့ ကြုံခိုက်၊ လူဖြစ်၍ တိဟိတ်ပုဂ္ဂိုလ်လဲ ဖြစ်ခိုက် အချိန်ကို အကျိုးရှိရှိ
အသုံးချကာ နိဗ္ဗာန်အတွက် အကောင်းဆုံး ပါရမီဖြည့်သွားသင့်ပါတယ်။
ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း

1 comments:

Unknown said...

အမှန်တရားက
ဖိနပ်​စီး ဘိုပြင်နေ
မုသားက ကမ္ဘာပတ်
ပြီးပါပြီ..

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...