သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, December 1, 2013

PostHeaderIcon သင်က နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသူလား



 သင်က နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသူလား
***********************************
အောက်ပါ အချက်အလက်တွေထဲက တခုမဟုတ်တခု ရှိနေပါက နှလုံးနဲ့သွေးကြော ဆိုင်ရာ
ရောဂါတွေကို လက္ခဏာ မရှိသူတွေထက် ပိုမိုဖြစ်ပွားနိုင်ခြေရှိပါတယ်။

၁။ သွေးတိုးရောဂါရှိခြင်း
သင့်မှာ သွေးတိုးရှိတာက နှလုံးကို ထိခိုက်မှုဖြစ်စေပြီး သွေးကြောတွေကို ပျက်စီးကာ

သွးကြောပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။

၂။ အမျိုးသားဖြစ်ခြင်း
အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုပြီးတော့ များပါတယ်။

ဒါပေမဲ့ သွေးဆုံးပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် နှလုံးရောဂါ ဖြစ်ပွား
နိုင်ခြေ ပိုများပါတယ်။

၃။ မျိုးရိုးရှိခြင်း
မိဘမျိုးရိုးမှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတခုခု ရှိသူတွေဟာ တခြားသူတွေ

ထက် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။

၎။ အသက် ၄၀ ကျော်ခြင်း
အသက် ၄ဝ ကျော်လာသူတွေဟာ အသက် ၄၀ အောက် အရွယ်တွေထက်

နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။

၅။ သွေးတွင်း ကိုလက်စထရော များခြင်း
သွေးတွင်း ကိုလက်စထရောများပါက သွေးကြောအတွင်းမှာ အဆီခဲတွေကိုဖြစ်စေပြီး

သွေးကြောတွေ တဖြည်းဖြည်း ကျဉ်းစေပါတယ်။ သွေးကြောတွေ ကျဉ်းသွားတာကြောင့်
နှလုံးဆီကို သွေးစီးဆင်းမှု နည်းသွားစေပြီး နှလုံးရောဂါကို ဖြစ်စေပါတယ်။

၆။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်မှာ ပါဝင်တဲ့ နစ်ကိုတင်းက နှလုံးခုန်မြန်စေပြီး သွေးကြောတွေကို ကျဉ်းစေ
တာကြောင့် နှလုံးဆီ သွေးစီးဆင်းမှုကို လျော့နည်းစေပါတယ်။

၇။ ဆီးချိုသွေးချို ရောဂါရှိခြင်း
ဆီးချိုသွေးချို ရောဂါရှိသူတွေရဲ့ လေးပုံ သုံးပုံလောက်က နောက်ဆက်တွဲ ဖြစ်ပွားတဲ့

နှလုံးနဲ့ သွေးကြောရောဂါတွေကြောင့် သေဆုံးခဲ့ကြပါတယ်။ ဆီးချိုသွေးချိုရောဂါ
ဝေဒနာရှင်တွေဟာ သွေးချိုကို ထိန်းထားနိုင်တယ် ဆိုရင်တောင် နှလုံးနဲ့ သွေးကြော
ရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ သွေးချိုကို ထိန်းမထားနိုင်ခဲ့ရင်တော့
နှလုံးနဲ့ သွေးကြောတွေကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။

၈။ အဝလွန်ခြင်း
အဝလွန်သူတွေဟာ အထူးသဖြင့် ခါးတဝိုက်မှာ အဆီများသူတွေဟာ နှလုံးနဲ့

သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ များပါတယ်။

၉။ အရက်သောက်ခြင်း
အရက်သောက်သုံးသူ အများစုဟာ သင့်တင့်တဲ့ ပမာဏကိုသာ သောက်သုံးသူ အလွန်နည်း

ပါတယ်။ အလွန်အကျွံ သောက်သုံးတာတွေကြောင့် နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်နိုင်ခြေ
များရတာပါ။

၁ဝ။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှု များတာကြောင့် ခန္ဓာကိုယ်တွင်းမှ ထွက်လာတဲ့ ဟော်မုန်းတွေက နှလုံးနဲ့

သွေးကြောတွေကို ထိခိုက်စေပါတယ်။

၁၁။ လှုပ်ရှားမှု မရှိခြင်း
ပုံမှန်လေ့ကျင့်ခန်း လုပ်တာက နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျှော့ချ

ပေးပါတယ်။ ပုံမှန် လေ့ကျင့်ခန်း မလုပ်တာ၊ လှုပ်ရှားမှု မရှိတာတွေက နှလုံးနဲ့ သွေးကြော
ရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက သွေးတွင်း
ကိုလက်စထရော ပမာဏနဲ့ သွေးပေါင်ကို လျှော့ချပေးပါတယ်။
ဒါ့အပြင် ဆီးချိုသွေးချိုရောဂါနဲ့ အဝလွန် ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်) မြဝတီ
 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...